တံဆိပ်ခေါင်းခွန်

Answer

ကုမ္ပဏီရုံးခန်းအဖြစ်အသုံးပြုရန်အတွက် (၂) နှစ် ငှားရမ်းမည့် စာချုပ်ချုပ်ဆိုခြင်းသည် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ (၃) အရ လည်းကောင်း၊ နောက်ဆက်တွဲဇယား(၁) တွင် တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်း (၆၅) မျိုး၏ အမှတ်စဉ် (၃၅) အငှားစာချုပ်ဖြစ်သဖြင့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ထိုအငှားစာချုပ် ချုပ်ဆိုခြင်းအပေါ် နောက်ဆက်တွဲ ဇယား(၁) အမှတ်စဉ် (၃၅) က(၂) အရ သတ်မှတ် ထားသည့် ပျမ်းမျှရရန်ရှိသော ငှားရမ်းခသင့်ငွေပမာဏ (သို့) တန်ဖိုးအပေါ် ၀.၅ % တံဆိပ် ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

၄။ ရန်ကင်းမြို့နယ်ရှိ ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရုံးခန်းအဖြစ်အသုံးပြုရန်အတွက် (၂) နှစ် ငှားရမ်းမည့်စာချုပ်ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရခြင်း ရှိ/မရှိ နှင့် ထမ်းဆောင်ရမည်ဆိုပါက တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို သိရှိလိုသဖြင့် မေးမြန်းခြင်း။