နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁/၂၀၂၀ ပါ ထပ်တိုး လစာ၏ အဓိပ္ပာယ်ကို သိလိုပါသည်။
Answer
နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁/၂၀၂၀ ပါ “ထပ်တိုး ပေးချေရသည့် လုပ်ခ၊ လစာ”ဆိုသည်မှာ အောက်ဖော်ပြပါကိစ္စရပ်တစ်ခုခုကြောင့် ၂၀၁၉-၂၀၂၀ ဝင်ငွေနှစ်တွင် ယင်းဝင်ငွေနှစ်မတိုင်မီ ကပ်လျက်ရှိသော ဝင်ငွေနှစ် (ယခင်နှစ်) ထက် ပိုမိုပေးချေရသည့် လုပ်ခ၊ လစာကိုဆိုလိုခြင်းဖြစ်ပါသည်-
(က)ယခင်နှစ်နှင့်တူညီသော ဝန်ထမ်းဦးရေရှိ ဝန်ထမ်းများ၏ လုပ်ခ၊ လစာ များအား တိုးမြှင့်ပေးခြင်းကြောင့် လုပ်ခ၊ လစာစရိတ်မြင့်တက်ခြင်း၊
(ခ)ဝန်ထမ်းအင်အား တိုးချဲ့ခြင်းကြောင့် လုပ်ခ၊ လစာမြင့်တက်ခြင်း။
Question
နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁/၂၀၂၀ ပါ ထပ်တိုး လစာ၏ အဓိပ္ပာယ်ကို သိလိုပါသည်။
FAQ Category