ပုဂ္ဂလိကဘဏ်တွင် အပ်နှံထားသောငွေမှ အတိုးရသည့်အပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့် ရှိ/မရှိ သိရှိလိုပါသည်။

Answer

ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၁ ရှင်းလင်းချက်(ခ)အရ စီးပွားရေးလုပ်ငန်းဆိုသည်တွင် ငွေချေးသက်သေခံလက်မှတ်များကို နှစ်တစ်နှစ်အတွင်း စီးပွားရေးလုပ်ငန်းသဖွယ် အဖန်တလဲလဲ ဝယ်ယူခြင်း၊ လဲလှယ်၊ လွှဲပြောင်းခြင်းနှင့် အတိုးရရန်ရင်းနှီးမြှုပ်နှံခြင်းတို့ပါဝင်သည်ဟုဆိုထားသဖြင့် ပုဂ္ဂလိကဘဏ်တွင်အပ်နှံထားသောငွေမှ အတိုးရငွေသည် စီးပွားရေးလုပ်ငန်းမှ ဝင်ငွေဖြစ်သဖြင့် ဝင်ငွေခွန် ကင်းလွတ်ခွင့်မရပါ။

Question

ပုဂ္ဂလိကဘဏ်တွင် အပ်နှံထားသောငွေမှ အတိုးရသည့်အပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရှိ/မရှိ သိရှိလိုပါသည်။