လစဉ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ပေးသွင်းရမည့် နောက်ဆုံးရက်ဖြစ်ပါသည်။
လစဉ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ပေးသွင်းရမည့် နောက်ဆုံးရက်ဖြစ်ပါသည်။
လစဉ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ပေးသွင်းရမည့် နောက်ဆုံးရက်ဖြစ်ပါသည်။
ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ် ထုတ်လုပ်သည့်လုပ်ငန်းအနေဖြင့် တစ်နှစ်အတွင်းဝင်ငွေ ကျပ် သိန်း ၁၈၀ အထိသာရရှိသဖြင့် မှတ်ပုံတင်ရန်လိုအပ်ပါသလား။
၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၂ အရ သတ်မှတ်ထားသော ရောင်းရငွေပမာဏ ကျပ်သိန်း ၂၀၀ ကျော်လွန်ခြင်းမရှိသည့် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးရွက်ကြီးထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် အထူးကုန်စည်ခွန်မှတ်ပုံတင်ရန် လိုအပ် ခြင်းမရှိသော်လည်း ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁(က) အရ ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ရမည်ဖြစ်သည်။
စီးကရက်၊ အရက်၊ ဘီယာ၊ ဝိုင် ထုတ်လုပ်ရန် ပြည်ပမှကုန်ကြမ်းတင်သွင်း၍ ကုန်ချောထုတ် လုပ်ရောင်းချသည့်ကုမ္ပဏီအနေဖြင့် အခွန်စည်းကြပ်ခံယူနိုင်ရန် မည်သို့ဆောင်ရွက်ရမည်နည်း။ အခွန်ခုနှိမ်ခွင့်ရှိပါသလား။
စီးကရက်၊ အရက်၊ ဘီယာ၊ ဝိုင် ထုတ်လုပ်ရောင်းချခြင်းအတွက် အထူးကုန်စည်ခွန် ဥပဒေ ပုဒ်မ ၁၅(က) အရ ထုတ်လုပ်သူသည် သတ်မှတ်ချက်နှင့်အညီ ဝင်ငွေခွန်စည်းကြပ်ခံယူမည့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ထုတ်လုပ်မှုလုပ်ငန်းမစတင်မီ ၃ လကြိုတင်၍ လုပ်ငန်းမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁(က) အရလည်း လုပ်ငန်းမှတ်ပုံတင် လျှောက်ထားရမည်။ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၆(က) အရ အထူးကုန်စည်ထုတ်လုပ်ရောင်းချသည့်လ၏ လကုန်ဆုံးပြီး (၁၀) ရက်အတွင်းကျသင့် အခွန်ကိုပေးဆောင်ရမည့်အပြင် ယင်းလအတွက် ကြေညာလွှာကို ပေးပို့ရမည်ဖြစ်ပြီး အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၇ အရ အခွန်စည်းကြပ် ခံယူရမည်ဖြစ်ပါသည်။ ထို့အတူ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၂(က) အရ သုံးလတစ်ကြိမ် ကြေညာလွှာတင်သွင်းခြင်း၊ လစဉ် (၁၀) ရက်အတွင်း ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို ပေးဆောင် ရခြင်းနှင့် ၃ လတစ်ကြိမ် ကြိုတင်ဝင်ငွေခွန်ပေးသွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ အထူးကုန်စည်ခွန် ဥပဒေပုဒ်မ (၁၁) အရ အခွန်ခုနှိမ်ရာတွင် ထုတ်လုပ်သည့် အထူးကုန်စည် ရောင်းချမှုအပေါ် ကျသင့်သည့်အထူးကုန်စည်မှ ယင်းအထူးကုန်စည် ထုတ်လုပ်မှုလုပ်ငန်း အလို့ငှာ ပြည်တွင်းသို့ ကိုယ်တိုင်ဝယ်ယူတင်သွင်း သော အထူးကုန်စည်များ၏ ကုန်းပေါ်ရောက် တန်ဖိုးအပေါ် ပေးဆောင်ခဲ့ရသည့်အထူးကုန်စည်ခွန်၊ ပြည်တွင်း၌ အထူးကုန်စည်ထုတ်လုပ်သူထံမှ ဝယ်ယူသောအထူးကုန်စည်များအတွက် ပေးဆောင်ခဲ့ရသော အထူး ကုန်စည်ခွန်တို့ကိုသာ ခုနှိမ်ခွင့်ရမည်ဖြစ်သည်။ အလားတူပြည်ပမှတင်သွင်းစဉ် ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန်အတွက်လည်းကောင်း၊ ပြည်တွင်းမှကုန်စည်ထုတ်လုပ်ရန် ဝယ်ယူခဲ့သောကုန်ကြမ်းများအပေါ် ပေးဆောင်ခဲ့ရသောကုန်သွယ်လုပ်ငန်းခွန်အတွက်လည်းကောင်း ထုတ်လုပ်ရောင်းချစဉ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်၌ ခုနှိမ်ခွင့်ရမည်ဖြစ်သည်။
ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည်ပြည်ပမှ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများ တင်သွင်းရာတွင် ပေးဆောင်ရမည့် အထူးကုန်စည်ခွန်အား သိရှိလို၍မေးမြန်းခြင်း။
ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ၁၁(က) အမှတ်စဉ် ၁၅ရှိ အထူးကုန်စည်ဖြစ်သဖြင့်ပြည်ပမှ တင်သွင်းခြင်းအတွက် တင်သွင်းစဉ် ကုန်းပေါ်ရောက်တန်ဖိုးဖြစ်သည့် အကောက်ခွန်စည်းကြပ်တန်ဖိုး၊ အကောက်ခွန်နှင့် ကုန်ချစရိတ်ပေါင်းအပေါ်တွင် အထူးကုန်စည်ခွန် ၅ % ပေးဆောင်ရမည်ဖြစ်ပါသည်။
ပြည်ပမှတင်သွင်းသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီကို ပြည်တွင်း၌ပြန်လည်ရောင်းချခြင်းအပေါ် မည်သည့်အချိန်တွင်မှတ်ပုံတင်ရမည်နည်း။ အခွန်ခုနှိမ်ခွင့် ရှိပါသလား။
ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီကို ပြည်ပမှတင်သွင်း၍ ပြည်တွင်း၌ပြန်လည်ရောင်းချခြင်းသည် အထူးကုန်စည်ကိုတင်သွင်းခြင်းဖြစ်သဖြင့် အထူးကုန်စည်ခွန်ဥပဒေပုဒ်မ(၁၅) အရ မှတ်ပုံတင်ရာတွင် ဘဏ္ဍာနှစ် အတွင်းအစောဆုံးတင်သွင်းသည့် အထူးကုန်စည်ကို အကောက်ခွန်ဆိုင်ရာရှင်းလင်းထုတ်ယူခြင်းမပြုမီ အချိန်တွင်လည်းကောင်း၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး နောက်ဘဏ္ဍာနှစ်တွင် အထူးကုန်စည်ခွန်တင်သွင်းခြင်းကို ဆက်လက်ဆောင်ရွက်ပါက ထပ်မံ၍လည်းကောင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် အထူးကုန်စည်ခွန် မှတ်ပုံတင်ရမည်ဖြစ်သည့်အပြင် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁(က)အရ ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ရမည်ဖြစ်သည်။ အထူးကုန်စည်ကိုပြည်ပမှတင်သွင်း၍ ပြန်လည်ရောင်းချခြင်း အတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၁(က)အရ ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင် ယှဉ်တွဲဖော်ပြပါနှုန်းများအတိုင်း အထူးကုန်စည်ခွန်ကျသင့်စေမည့်အပြင် ပုဒ်မ ၁၄(ခ) အရ အထူးကုန်စည်ခွန် အပါအဝင်ဖြစ်သော ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင် ၅ % ဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီကို ပြည်တွင်း၌ ပြန်လည်ရောင်းချရာတွင် အထူးကုန်စည်ခွန်ကျသင့်ခြင်းမရှိပါ။ သို့ရာတွင် ထိုကဲ့သို့ ပြန်လည်ရောင်းချခြင်းအတွက် ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်သည်။ အဆိုပါ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ပြည်ပမှတင်သွင်းစဉ်က ပေး ဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန် ၅% ကို ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း ၄၂ အရ ပတခ(ကသခ)-၃၂၊ ပတခ(ကသခ)- ၃၃ တို့ဖြင့် ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ခွင့်ရရှိနိုင်ပါ မည်။
ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ဆေးရွက်ကြီးများအား ပြည်ပသို့တင်ပို့ရောင်းချပါက အထူးကုန်စည်ခွန် မည်မျှကျသင့်မည်ကို သိရှိလို၍ မေးမြန်းခြင်း။
ဆေးရွက်ကြီးမှာ အထူးကုန်စည်အမျိုးအစားဖြစ်၍ ၄င်းအားပြည်ပသို့တင်ပို့ ရောင်းချခြင်းအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ (ခ) အရ သုညရာခိုင်နှုန်းဖြင့် အထူးကုန်စည်ခွန် ကျသင့်မည်ဖြစ်ပါသည်။
ပြည်တွင်းရှိကျောက်မျက်တူးဖော်ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတစ်ခုက ကုမ္ပဏီမှ တူးဖော်ရရှိသည့် ကျောက်စိမ်းအရိုင်းထည်များကို ရောင်းချရာတွင်အထူးကုန်စည်နှုန်းထား မည်သို့သတ်မှတ်ကောက်ခံပါကြောင်းနှင့် မည်ကဲ့သို့ဆောင်ရွက်ထားရပါကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။
ကျောက်မျက်တူးဖော်ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီသည် အထူးကုန်စည်ဖြစ်သည့် ကျောက်စိမ်းအရိုင်း ထုတ်လုပ်ရောင်းချခြင်းအတွက် အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၅(က) အထူးကုန်စည်ခွန် မှတ်ပုံတင်ခြင်းအား သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံတွင် မှတ်ပုံတင်ရမည် ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၁ (က) အမှတ်စဉ် (၁၂) အရ ကျောက် စိမ်း၊ ပတ္တမြား ၊ နီလာ ၊ မြ ၊ စိန်နှင့် အခြား အဖိုးတန်ကျောက်မျက်ရတနာ အရိုင်းထည်များ ရောင်းရငွေအပေါ်တွင်အထူးကုန်စည်ခွန် ၂၀ % ကျသင့်မည်ဖြစ်ပါသည်။ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် အထူးကုန်စည် ကျောက်စိမ်းအရိုင်းများ ရောင်းချရငွေအပေါ် အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ ( က ) (၂) အရ ရောင်းချသည့်လ၏ လကုန်ဆုံးပြီး (၁၀) ရက်အတွင်း အထူးကုန်စည်ခွန်ကို ပေး ဆောင်ရမည် ဖြစ်ပါသည်။ ၄င်းပြင် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးထံ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆(က)အရ ရောင်းချသည့်လအတွက် အထူးကုန်စည်ထုတ် လုပ်ရောင်းချခြင်းကြေညာလွှာကို လစဉ်ပေးပို့ခြင်းတို့ကို ဆောင်ရွက်ထားရပါမည်။
အထူးကုန်စည်ဖြစ်သည့် ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများ ပြည်ပမှတင်သွင်းရာတွင် ပေးဆောင်ရမည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်မည်မျှကျသင့်ပါသနည်း။
ပြည်ပမှတင်သွင်းသည့် ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်ကောက်ဥပဒေပုဒ်မ ၁၁(က) အမှတ်စဉ် ၁၅ ရှိ အထူးကုန်စည်ဖြစ်သဖြင့် ပြည်ပမှတင်သွင်းခြင်းအတွက် တင်သွင်းစဉ်ကုန်းပေါ်ရောက်တန်ဖိုးပေါ်တွင် အထူးကုန်စည်ခွန် ၅% ပေးဆောင်ရမည်ဖြစ်ပါသည်။ ၎င်းအပြင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၄(ခ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါသည်။ ၎င်း ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများကို ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းအတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်ကောက်ဥပဒေပုဒ်မ ၁၄(ဂ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါသည်။ သို့ရာတွင် ပြည်ပသို့ပျံသန်းသည့် ခရီးစဉ်တွင် အသုံးပြုရန် ရောင်းချသည့် ဂျက်လေယာဉ်ဆီကို ၂၀၁၆ ခုနှစ်ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(က) အမှတ်စဉ် ၈၄ အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။
အထူးကုန်စည်မှာဥပဒေသစ်၊ အခွန်အသစ် ဟုတ်မဟုတ်သိလိုပါကြောင်း၊ အထူးကုန်စည်ခွန် ကောက်ခံရာတွင် သတင်းပေးပို့ပြီး၊ ဆုပေးဒဏ်ပေး မည်သို့ရှိပါကြောင်း သိရှိလို၍ မေးမြန်းခြင်း။
အထူးကုန်စည်ခွန်ဥပဒေမှာ ပြည်ထောင်စုလွှတ်တော်၏ ဥပဒေအမှတ် (၁၁) ဖြင့် ၁၈-၁-၂၀၁၆ တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဥပဒေအသစ်ဖြစ်ပြီး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်မှ စတင်အကျိုးသက်ရောက်ပါသည်။ အထူးကုန်စည်များအပေါ်တွင် ယခင်က ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကောက်ခံခဲ့ပြီး ၁-၄-၂၀၁၆ နေ့မှစ၍အထူးကုန်စည်ခွန်အဖြစ် သတ်မှတ်ပြဋ္ဌာန်း ကောက်ခံခဲ့ခြင်းဖြစ်ပါသည်။ အထူးကုန်စည်ခွန်ဥပဒေအရ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၂၂ မှ ၂၈ အထိ ပြစ်မှု ပြစ်ဒဏ်များကိုကျခံရမည်ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၄၀ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပုဒ်မ ၂၂ (ဂ) အရ တပ်ရိုက်သည့် ဒဏ်ငွေမှ အထူးကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကို သတင်းပေးတင်ပြသူကိုလည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို ရှာဖွေဖမ်းဆီးသည့်အဖွဲ့အားလည်းကောင်း ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးမည်ဖြစ်ပါသည်။
ပြည်တွင်းရှိ အရက်၊ ဘီယာ၊ ဝိုင် ထုတ်လုပ်မှုလုပ်ကိုင်သည့် လုပ်ငန်းအပေါ် အထူးကုန်စည်ခွန် ကောက်ခံခြင်းအား မည်သို့သတ်မှတ်ကောက်ခံပါကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။
ပြည်တွင်းထုတ်လုပ်ရောင်းချသော အရက်၊ ဘီယာ၊ ဝိုင်များကဲ့သို့သော အထူးကုန်စည်များ ဖြစ်လျှင် မိမိပိုင်စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွင်ဖြစ်စေ၊ အခြားသူအားအပ်နှံ၍ဖြစ်စေ ထုတ်လုပ်ခြင်းတို့ကိုဆိုလိုပါသည်။ ၎င်းအပြင် သဘာဝနည်းဖြင့်ဖြစ်စေ၊ ဖန်တီးပြုပြင်သည့် နည်းဖြင့်ဖြစ်စေ ဝယ်ယူသူ၏တောင်းဆိုချက်အရ ရောစပ်ပြုပြင်ခြင်းမှတစ်ပါး ပေါင်းခံခြင်း၊ သန့်စင်ရန်နှင့် အနံ့အရသာဖြည့်စွက်ရန် ထပ်မံပေါင်းခံခြင်း၊ အချဉ်ဖောက်ခြင်း၊ ပုလင်းသွတ် ခြင်း၊ သောက်သုံးရန် ယမကာအဆင့်အတွက် လိုအပ်သည့်ပစ္စည်းများ ဖြည့်စွက်ခြင်းနှင့် အခြားနည်း ပြုပြင်ခြင်းတို့လည်းပါဝင်ပါသည်။ အထူးကုန်စည်များအတွက် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနက ဖော်ပြသောရောင်းဈေးတန်ဖိုး သို့မဟုတ် ဈေးကွက်ပေါက်ဈေးအပေါ် အခြေပြု၍ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှု ကော်မတီက ခန့်မှန်းသတ်မှတ်မည့် ရောင်းဈေးတန်ဖိုးနှစ်ရပ်အနက် များရာတန်ဖိုးငွေအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၁(က)ပါ အခွန်နှုန်း ထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ ယင်းအထူးကုန်စည်ခွန်အပါအဝင် ရောင်းဈေး အပေါ်၌ ကုန်သွယ်လုပ်ငန်းခွန် ၅% ကိုလည်းတွက်ချက် ပေးဆောင်ရမည်ဖြစ်ပါသည်။
အထူးကုန်စည်ခွန်ကို မည်ကဲ့သို့သောဆောင်ရွက်မှု ပြုလုပ်သူများမှ ပေးဆောင်ရမည်နည်း။ မည်သည့်အချိန်တွင်ပေးဆောင်ရမည်နည်း။
Copyright © Internal Revenue Department ,