သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက သီလဝါအထူးစီးပွားရေးဇုန် အတွင်းရှိ ရင်းနှီးမြှုပ်နှံသူများအား ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၄၉ အရ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ပြု / မပြု မေးမြန်းခြင်း။
Answer
သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက်သာ ရင်းနှီးမြှုပ်နှံသူအပေါ် ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၊ မြန်မာအထူးစီးပွားရေးဇုန်နည်းဥပဒေပါ ကင်းလွတ်ခွင့်ပြဋ္ဌာန်းချက်များနှင့် အညီ ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၂၀၁၄ ခုနှစ် မြန်မာ့အထူး စီးပွားရေးဇုန်ဥပဒေပုဒ်မ ၄၉ အရ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် သည် သီလဝါအထူးစီးပွားရေးဇုန်အတွင်း၌သာ ရရှိမည်ဖြစ်ပြီး ဇုန်ပြင်ပတွင် လုပ်ငန်း ဆောင်ရွက်ခြင်းများအတွက် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည်ဖြစ်ပါသည်။
Question