အင်္ဂလန်နိုင်ငံသားတစ်ဦးက ပြည်တွင်း၌လာရောက်လုပ်ကိုင်သည့် INGO အဖွဲ့အစည်းများ အနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/မရှိ မေးမြန်းခြင်း။

Answer

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၇ တွင် ''ဘာသာရေး သို့မဟုတ် ကုသိုလ်ရေးအဖွဲ့အစည်း တစ်ခုခုကရရှိ၍ ဘာသာရေး သို့မဟုတ် ကုသိုလ်ရေးကိစ္စသက်သက်အတွက် ထုတ်လုပ် ရောင်းချသည့်ကုန်စည် သို့မဟုတ် ဆောင်ရွက်သည့်ဝန်ဆောင်မှုအပေါ်တွင် အကျိုးမသက် ရောက်စေရ။ ကုသိုလ်ရေးဆိုသည်တွင် ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးသူများနှင့် သဘာဝဘေး အန္တရာယ်ကျရောက်ခံရသူများအား ကယ်ဆယ်စောင့်ရှောက်ရေးစသည့် အများ ပြည်သူအကျိုးအတွက် ထောက်ပံ့ပေးကမ်းခြင်းများပါဝင်သည်'' ဟုဖော်ပြပါရှိ၍ ယင်း INGO အဖွဲ့အစည်းများ၏ ဆောင်ရွက်သောလုပ်ငန်းများသည် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိပါသည်။ ဝန်ဆောင်မှုဆောင်ရွက်သော လုပ်ငန်းများဖြစ်ပါက အထက်ပါ အချက်များနှင့် ကိုက်ညီပါက ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သော်လည်း ဝန်ဆောင်မှု ရယူသည့် လုပ်ငန်းများဖြစ်သည့် လက်မှတ်ဝယ်ယူခြင်း၊ ခန်းမငှားခြင်း၊ အစားအသောက် ဝယ်ယူစား သောက်ခြင်းတို့တွင် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၅ (ခ) အရ ကုန်သွယ် လုပ်ငန်းခွန်ကိုပေးချေငွေနှင့်အတူ တစ်ပါတည်းပေးဆောင်ရန်လိုအပ်ပါသည်။

Question

အင်္ဂလန်နိုင်ငံသားတစ်ဦးက ပြည်တွင်း၌လာရောက်လုပ်ကိုင်သည့် INGO အဖွဲ့အစည်းများ အနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/မရှိ မေးမြန်းခြင်း။