အထူးကုန်စည်များကို ကြွေးစနစ်ဖြင့်ထုတ်လုပ်ရောင်းချလျှင် အထူးကုန်စည်ခွန်ကိုမည်သည့် အချိန်တွင်ပေးဆောင်ရမည်နည်း။ ရောင်းရငွေရရှိသည့်အချိန်တွင် ပေးဆောင်ရမည်လား။ ကုန်စည်ရောင်းရသည့်လတွင် ပေးဆောင်ရမည်လား။ ပေးဆောင်ရမည့်အခွန်ကို သတ်မှတ် ကာလအတွင်းပေးဆောင်ရန်ပျက်ကွက်ပ

Answer

ရောင်းချခြင်းဆိုရာတွင် အထူးကုန်စည်ကို လက်ငင်းစနစ်ဖြင့်ဖြစ်စေ၊ အကြွေးစနစ်ဖြင့်ဖြစ် စေ၊ ဆိုင်ငံ့စနစ်ဖြင့်ဖြစ်စေ၊ ကြိုတင်အရောင်းစနစ်ဖြင့်ဖြစ်စေ ရောင်းချခြင်းကိုဆိုလိုသည်။ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) အရ အထူးကုန်စည်ထုတ်လုပ် ရောင်းချသည့် လကုန်ဆုံးပြီး (၁၀) ရက်အတွင်း အထူးကုန်စည်ခွန်ပေးဆောင်ရမည်။ သတ်မှတ် ကာလအတွင်းပေးဆောင်ရန်ပျက်ကွက်ပါက အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ (ဃ) အရ ပေးဆောင်ရမည့်အခွန်၏ ၁၀ ရာခိုင်နှုန်းကိုဒဏ်ငွေအဖြစ် ပေးဆောင်ရမည်။

Question

အထူးကုန်စည်များကို ကြွေးစနစ်ဖြင့်ထုတ်လုပ်ရောင်းချလျှင် အထူးကုန်စည်ခွန်ကိုမည်သည့် အချိန်တွင်ပေးဆောင်ရမည်နည်း။ ရောင်းရငွေရရှိသည့်အချိန်တွင် ပေးဆောင်ရမည်လား။ ကုန်စည်ရောင်းရသည့်လတွင် ပေးဆောင်ရမည်လား။ ပေးဆောင်ရမည့်အခွန်ကို သတ်မှတ် ကာလအတွင်းပေးဆောင်ရန်ပျက်ကွက်ပါက မည်သို့အရေးယူဆောင်ရွက်ခြင်းခံရမည်နည်း။