အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)
Answer
ကုမ္ပဏီတွင် e-mail လိပ်စာ ပြောင်းလဲခြင်းအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (စ) အရ အခွန်စည်းကြပ်ခံယူလျက်ရှိသောသက်ဆိုင်ရာ အခွန်ရုံးသို့ သတင်းအချက်အလက်ပြောင်းလဲမှုပုံစံ ပတခ(ကသခ)-၀၁-၀၃ ကို စာဖြင့်တင်ပြရမည်ဖြစ်ပါသည်။ ထိုသို့ တင်ပြရာတွင် ကုန်သွယ် လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေတို့နှင့် သက်ဆိုင်သည့်ကိစ္စ ဖြစ်ပါက ပြောင်းလဲမှု ပြုလုပ်ပြီး ၁၅ ရက်အတွင်း၊ ဝင်ငွေခွန်ဥပဒေနှင့် သက်ဆိုင်သည့် ကိစ္စရပ် ဖြစ်ပါကပြောင်းလဲ မှုပြုလုပ်ပြီး တစ်နှစ်အတွင်း ညွှန်ကြားရေးမှူးချုပ်ထံစာဖြင့် အကြောင်းကြားရမည် ဖြစ်ပါသည်။
Question
ကုမ္ပဏီတွင် e-mail လိပ်စာ ပြောင်းလဲခြင်းအတွက် မည်သို့ဆောင်ရွက်ရမည်ကို သိရှိလို ၍မေးမြန်းခြင်း
FAQ Category