အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)
Answer
မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် မော်တော်ယာဉ်ဝယ်ယူခြင်းအတွက် အမည်ပေါက် ပြောင်းရန် အခွန်ပေးဆောင်ရာတွင် ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်ခြင်းမှ ရရှိသောဝင်ငွေအား ဝင်ငွေရလမ်းအထောက်အထားအဖြစ်တင်ပြနိုင်ရန် အောက်ပါ အချက်အလက်များ လိုအပ်မည်ဖြစ်ပါသည်-
(က) မြန်မာနိုင်ငံမှတရားဝင်ထွက်ခွာခြင်း/ ပြန်လည်ဝင်ရောက်ခြင်းတို့အတွက် နိုင်ငံကူးလက်မှတ်မိတ္တူ
(ခ) လစာဝင်ငွေရရှိသည့်အထောက်အထား(မူရင်း) သို့မဟုတ် အခွန်ပေးဆောင် ထားသည့် အထောက်အထား(မူရင်း)
(ဂ) ပြည်ပတွင်အလုပ်လုပ်သည့်ကာလဆိုင်ရာအထောက်အထား(မူရင်း)
(ဃ) ပြည်ပတွင် အလုပ်လုပ်ကိုင်သည့်ဆိုင်ရာကုမ္ပဏီမှ တရားဝင်ထုတ်ပေး သည့် လစာထုတ်ပေးမှုမှတ်တမ်း
(င) ဘဏ် သို့မဟုတ် တရားဝင်ငွေလွှဲခွင့်လိုင်စင်(Remittance Business licenses) ရရှိထားသည့် လုပ်ငန်းမှတစ်ဆင့် ငွေလွှဲမှုမှတ်တမ်း သို့မဟုတ် တရားဝင်ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့် Money Exchange Counter များ တွင် ငွေလဲလှယ်မှုအထောက်အထားများနှင့် လေဆိပ်တွင် ကြေညာထား သည့်အထောက်အထား တို့ကိုတင်ပြရမည်ဖြစ်ပါသည်။
Question
မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် မော်တော်ယာဉ်ဝယ်ယူခြင်းအတွက် အမည်ပေါက် ပြောင်းရန် အခွန်ပေးဆောင်ရာတွင် ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်ခြင်းမှ ရရှိသောဝင်ငွေအား ဝင်ငွေရလမ်းအထောက်အထားအဖြစ်တင်ပြနိုင်ရန် လိုအပ်သော အချက်အလက်များ သိရှိလို၍မေးမြန်းခြင်း