အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)
Answer
ကုမ္ပဏီ၏ အမြတ်ဝေစုရငွေကို ဝင်ငွေရလမ်းအဖြစ် တင်ပြမည်ဆိုပါက အောက်ပါ အထောက်အထားများ ပူးတွဲတင်ပြရပါမည်-
(က) ကုမ္ပဏီ၏ အမြတ်ဝေစုခွဲဝေခြင်းဆိုင်ရာ ဒါရိုက်တာအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်း၊ နှစ်ချုပ်စာရင်း၊ အစုထည့်ဝင်ပိုင်ဆိုင်မှု အထောက် အထား(DICA မှ ကုမ္ပဏီ၏ Extract Form)၊ ကုမ္ပဏီမှ ထုတ်ပေးထား သည့် အမြတ်ဝေစုအဖြစ်ငွေကြေး သို့မဟုတ် ပိုင်ဆိုင်ရယူခဲ့မှုအထောက်အထား (ချက်လက်မှတ်မိတ္တူ၊ ငွေစာရင်းစာအုပ်မှတ်တမ်းများ)
(ခ) အမြတ်ဝေစုထုတ်ယူခဲ့မှု နှင့်သက်ဆိုင်သည့် စာရင်းရေးသွင်းချက်မှတ်တမ်းများ နှင့်အတူ ကုမ္ပဏီကိုအခွန်စည်းကြပ်ရာရုံးမှ ထုတ်ပေးထားသည့် ဝင်ငွေ ရလမ်း တင်ပြသည့်အမြတ်ဝေစု ထုတ်ယူသည့်နှစ်အတွက် အခွန်တောင်းခံလွှာ နှင့် ငွေသွင်းချလန် (မူရင်း) တို့ဖြစ်ပါသည်။
Question
ကုမ္ပဏီ၏ အမြတ်ဝေစုခွဲဝေခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဝင်ငွေရလမ်းတင်ပြခြင်းအတွက် မည်သည့်အထောက်အထားများတင်ပြရမည်ကို သိရှိလို၍ မေးမြန်းခြင်း