အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၉ အရ မည်သူမဆို အလုပ်ရှင်ထံမှ မိမိရရှိသည့် သို့မဟုတ် ရရန်ရှိ သည့် လစာ/ လုပ်ခ/ နှစ်စဉ်ကြေး၊ ဆုချီးမြှင့်ငွေ၊ လစာနှင့် လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင် တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဟု ဖော်ပြထားပါသဖြင့် ဝန်ထမ်းအား ရှားပါးစရိတ်ချီးမြှင့်ခြင်းသည် ထပ်ဆောင်းပေးသည့်ငွေဖြစ်သဖြင့် လစာဝင်ငွေခွန် တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီအနေဖြင့် ဝန်ထမ်းအားရှားပါးစရိတ်ချီးမြှင့်လျှင် လစာဝင်ငွေခွန်တွက်ချက် ပါက ထည့်သွင်းတွက်ချက်ရန် လို/မလို သိရှိလို၍မေးမြန်းခြင်း