အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)
Answer
ပြည်ပနေနိုင်ငံသားတစ်ဦးသည် ပြည်ပတွင်ရရှိသည့်လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် (နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥပဒေအမှတ် ၅၅/၂၀၂၃) အရ ဝင်ငွေခွန်ကို အောက်ပါအတိုင်းပေးဆောင်ရမည် ဖြစ်ပါသည်-
ဝင်ငွေခွန်နည်းဥပဒေများတွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ ပြည်ပနေနိုငိငံသား၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းလစာဝင်ငွေအပေါ် အောက်ပါနည်းလမ်း ၂ ရပ်အနက် နည်းရာကျသင့်အခွန်ကိုရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင် ရမည်-
(က) ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များနုတ်ပယ်ပြီး ဤဥပဒေ၏ ပုဒ် ၁၉ ပုဒ်မခွဲ (ဂ) ပါ အခွန်နှုန်းထားဖြင့် ဝင်ငွေခွန်စည်းမျဉ်းများ စည်းမျဉ်း ၈ ပါ ပြဋ္ဌာန်း ချက်နှင့်အညီ တွက်ချက်ခြင်း၊
(ခ) ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များနုတ်ပယ်ခြင်းမပြုဘဲ နှစ်ရာခိုင်နှုန်းဖြင့် တွက်ချက်ခြင်း။
Question
ပြည်ပနေနိုင်ငံသားတစ်ဦးသည် ပြည်ပတွင်အလုပ် လုပ်ပြီးနောက် ရရှိသည့်လစာ ဝင်ငွေအပေါ် ဝင်ငွေခွန် ပေးဆောင်ရန် လို/မလို သိရှိလို၍မေးမြန်းခြင်း