အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီးကော်မတီ (Tax Reform Program Steering Committee) ၏ (၆၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ ဇွန်လ ၂၅

အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီးကော်မတီ (Tax Reform Program Steering Committee) ၏ (၆၂)ကြိမ်မြောက်အစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၅-၆-၂၀၂၄ ရက်နေ့ (၁၃:၀၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(စီမံရေးရာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ကြီးကြပ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဥပဒေနှင့်မူဝါဒရေးရာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ စီမံချက်ခေါင်းဆောင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။