အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီးကော်မတီ (Tax Reform Program Steering Committee) ၏ (၆၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ ဇူလိုင်လ ၂၉

အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီးကော်မတီ (Tax Reform Program Steering Committee) ၏ (၆၃)ကြိမ်မြောက်အစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန် များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၉-၇-၂၀၂၄ ရက်နေ့ မွန်းလွဲ(၂:၀၀) နာရီ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ကြီးကြပ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ စီမံချက်ခေါင်းဆောင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။