COVID-19 Economic Relief Plan အပေါ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဆောင်ရွက် ထားရှိမှု အခြေအနေများမှာ အဘယ်နည်း။

Answer

                    COVID-19 Economic Relief Plan စီမံချက်တွင် ပန်းတိုင် (၇)ခု၊ မဟာဗျူဟာ (၁၀)ရပ်၊ လုပ်ငန်းစီမံကိန်း (၃၆)ခုနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းအရေအတွက် (၇၆)ခု ပါဝင်ပါသည်။ COVID-19 Economic Relief Plan စီမံချက်တွင် ပြည်တွင်း အခွန်များဦးစီးဌာနနှင့် သက်ဆိုင်သည့်လုပ်ငန်းစီမံချက် ခေါင်းစဉ်(၂)ခု (၂.၁.၃ နှင့် ၂.၁.၅) ပါဝင်ပါသည်။

  • လုပ်ငန်းစီမံချက် ၂.၁.၃ သည် သတ်မှတ်စီးပွားရေးလုပ်ငန်းများက သုံးလတစ်ကြိမ် ပေးသွင်းရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးသွင်းရမည့် ကုန်သွယ်လုပ်ငန်းခွန်အား ၃၀-၉-၂၀၂၀ နေ့အထိ (အခွန်ပေးသွင်းရမည့်ရက်ကို) တိုးမြှင့်ရွှေ့ဆိုင်းပေးခြင်း၊ ပြည်ပပို့ကုန်အပေါ် ကြိုတင်ဝင်ငွေခွန် ၂ % ကောက်ခံခြင်းအား ၃၀-၉-၂၀၂၀ နေ့ အထိ ကင်းလွတ်ခွင့်ပြုခြင်းနှင့် COVID-19 ကာကွယ်ရေး၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရ ထိန်းချုပ်ကုသရေးဆိုင်ရာ အရေးကြီးဆေးနှင့် ဆေးပစ္စည်းတစ် မျိုးချင်း၏ အမည်စာရင်းသတ်မှတ်ချက်တို့ကို ထုတ်ပြန်ကြေညာပေးခြင်းလုပ်ငန်း စဉ်များပါဝင်ပါသည်။ ယင်းအချက်များကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန အမိန့်ကြေညာချက်၊ ၁/၂၀၂၀၊ အမိန့်ကြော်ငြာစာ၊ ၃၈/၂၀၂၀ နှင့် ၅၁/၂၀၂၀၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၅၀/၂၀၂၀ တို့ဖြင့် ဆောင်ရွက်ပြီး ဖြစ်ပါသည်။
  • လုပ်ငန်းစီမံချက် ၂.၁.၅ ပါ လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဆိုင်ရာအမိန့်ကို ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်အမှတ်၊ ၁/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်နှင့်စပ်လျဉ်း သည့် လုပ်ထုံးလုပ်နည်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အမိန့် ကြော်ငြာစာအမှတ်၊ ၆၅/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

Question

COVID-19 Economic Relief Plan အပေါ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဆောင်ရွက် ထားရှိမှု အခြေအနေများမှာ အဘယ်နည်း။

FAQ Category