လစဉ်အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ပေးသွင်းရမည့် နောက်ဆုံး ရက်ဖြစ်ပါသည်။
သုံးလပတ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာတင်သွင်းရမည့် နောက်ဆုံးရက်ဖြစ်ပါသည်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှအပ ကျန်အခွန်ထမ်းများအတွက် နှစ်ချုပ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ နှင့် ဝင်ငွေကြေညာလွှာတို့ကို တင်သွင်းရမည့်နောက်ဆုံးရက် ဖြစ်ပါသည်။
သုံးလတစ်ကြိမ်ဝင်ငွေခွန်ပေးသွင်းခြင်း၊ သုံးလပတ်အထူးကုန်စည်ခွန် ကြေညာလွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည့်နောက်ဆုံးရက်ဖြစ်ပါသည်။
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအတွက် နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာနှင့် ဝင်ငွေကြေညာလွှာတို့ကို တင်သွင်းရမည့် နောက်ဆုံးရက်ဖြစ်ပါသည်
ပြည်တွင်းအခွန်များဦးစီးဌာနအဖြစ် ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် နှစ် (၅၀) ပြည့်မြောက်ကာ ရွှေရတုအခါသမယကို ရောက်ရှိပြီဖြစ်ပါသည်။ ဌာနအနေဖြင့် စတင်တည်ထောင်သည့်အချိန်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ ခေတ်စနစ်အလိုက် ဘဏ္ဍာနှစ်တစ်နှစ်ချင်းစီတွင် နိုင်ငံတော်မှ သတ်မှတ်ပေးခဲ့သည့် အခွန်အရပ်ရပ်လျာထားချက်များ ပြည့်မီကျော်လွန်စွာကောက်ခံရရှိရေးအတွက် အခွန်ထမ်းပြည်သူများ နှင့်အခွန်ဝန်ထမ်းများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
ခေတ်ကာလအဆက်ဆက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် အခွန်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြပါသော အခွန်ထမ်းပြည်သူအပေါင်းကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ အခွန်ထမ်းပြည်သူအပေါင်း ရောဂါဘေးအန္တရာယ်များမှကင်းဝေးပြီး၊ စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာ တိုးချဲ့ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းများ၏ကိုယ်စား ဆုတောင်းမေတ္တာ ပို့သအပ် ပါသည်။
ညွှန်ကြားရေးမှူးချုပ်
ပြည်တွင်းအခွန်များဦးစီးဌာန
အခွန်ထမ်းပြည်သူများအနေဖြင့် -
- အခွန်ထမ်းမှတ်ပုံတင်ရန်၊ ကြေညာလွှာတင်သွင်းရန် လိုအပ် သည့်ပုံစံများနှင့် အခွန်ထမ်းပြည်သူများသိရှိစေရန် ထုတ်ဝေ ထားသည့် အခွန်နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ အား Forms and Publications Link တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
- ကြေညာလွှာတင်သွင်းရန်ပုံစံများ (Fillable PDF ပုံစံများ) ကို eMail ဖြင့်ကြေညာလွှာတင်သွင်းရန်ပုံစံများ (Fillable PDF Form) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အခွန်ထမ်းပြည်သူများအနေဖြင့် -
- အခွန်ထမ်းပြည်သူများမှ ပြည်တွင်းအခွန်များဦးစီးဌာနသို့ မေးမြန်းထားသည့် အခွန်နှင့်ပတ်သက်သည့် အမေးအဖြေများ ကို သိရှိလိုပါက Asked Question Link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
- အခွန်နှင့်ပတ်သက်သည့် ထပ်မံသိရှိလိုသည့် အကြောင်း အရာများရှိပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး (ရန်ကုန်) အမှတ်(၁၂၈/၁၃၂)၊ ဒုတိယ ထပ်နှင့် တတိယထပ်၊ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂၊ e-mail address- [email protected]၊ အခွန်ထမ်းဝန်ဆောင်မှုရုံး (နေပြည်တော်)၊ ရုံးအမှတ် (၄၆)၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၄၄၊ အခွန်ထမ်းဝန်ဆောင်မှုရုံး (မန္တလေး)၊ ၆၅လမ်း၊ ၂၂x ၂၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ ဖုန်းနံပါတ်- ၀၂-၄၀၃၀၁၉၂၊ ၀၂-၄၀၃၀၆၃၈၊ ၀၂-၄၀၃၀၆၃၉ သို့လူကိုယ်တိုင် ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အခွန်ထမ်းပြည်သူများအနေဖြင့် -
- အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်နှင့် စပ်လျဉ်းသည့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂)မှ ဆွေးနွေးချက် များကို အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်နှင့် စပ်လျဉ်း သည့်ဆွေးနွေးချက်များ link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။