Myanmar Fiber Optic Communication Company Limited မှ ၉-၁၂-၂၀၁၅ တွင် မြန်မာနိုင်ငံပြင်ပ၌ချုပ်ဆိုသော စာချုပ် (၁၁) ခုနှင့်ပတ်သက်၍ တံဆိပ် ခေါင်းခွန်ထမ်းဆောင်ရန် မေးမြန်းခြင်း
Answer
စာချုပ်(၁၁)ခုသည် ၉.၁၂.၂၀၁၅ တွင်မြန်မာနိုင်ငံပြင်ပ၌ချုပ်ဆိုခဲ့သောကြောင့် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၁၈ ပုဒ်မခွဲ (၁) အရ မြန်မာနိုင်ငံပြင်ပ တွင်သာချုပ်ဆိုခဲ့သည့် ငွေလွှဲလက်မှတ် (သို့) ငွေပေးကတိစာချုပ်မဟုတ်သော တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်းတစ်ရပ်ရပ်အား မြန်မာနိုင်ငံ အတွင်း၌ ပထမဦးစွာလက်ခံရရှိပြီးနောက် (၃) လအတွင်း မြို့နယ်အခွန်ဦးစီးဌာန မှူးထံ ယူဆောင်လာ၍ တံဆိပ်ခေါင်းကပ်နှိပ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံတံဆိပ် ခေါင်းအက်ဥပဒေဇယား (၁) အရ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။
Question
Myanmar Fiber Optic Communication Company Limited မှ ၉-၁၂-၂၀၁၅ တွင် မြန်မာနိုင်ငံပြင်ပ၌ချုပ်ဆိုသော စာချုပ် (၁၁) ခုနှင့်ပတ်သက်၍ တံဆိပ် ခေါင်းခွန်ထမ်းဆောင်ရန် မေးမြန်းခြင်း။
FAQ Category