အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၁၇ အရ မြန်မာနိုင်ငံအတွင်း တံဆိပ်ခေါင်းခွန် ထိုက်သင့်သော စာချုပ်စာတမ်းတစ်ခုခုကို ချုပ်ဆိုသူ မည်သူမဆို စာချုပ်ချုပ်ဆိုသည့် အချိန်ဖြစ်စေ၊ စာချုပ်မချုပ်ဆိုမီအချိန်တွင်ဖြစ်စေ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည် ဖြစ်ကြောင်းနှင့် မူရင်းစာချုပ်စာတမ်းအပေါ်တွင်သာ တံဆိပ်ခေါင်းကပ်နှိပ်ရမည် ဖြစ်ပြီး Audit Firm နှင့်စာချုပ်ချုပ်ဆိုထားသော သီလဝါစက်မှုဇုန် အတွင်းရှိ ကုမ္ပဏီတစ်ခုမှ စာချုပ်မူရင်းမဟုတ်သော Scan ဖတ်ထားသော စာချုပ်စာတမ်း အပေါ် တံဆိပ်ခေါင်း ကပ်နှိပ်ခွင့်မရှိပါ။

Question

Audit Firm နှင့် စာချုပ်ချုပ်ဆိုထားသော သီလဝါစက်မှုဇုန်အတွင်းရှိ ကုမ္ပဏီတစ်ခုမှ စာချုပ်မူရင်းမဟုတ်သော Scan ဖတ်ထားသော စာချုပ်စာတမ်းအပေါ် တံဆိပ်ခေါင်း ကပ်နှိပ်ခွင့် ရှိ/မရှိ သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

ကုမ္ပဏီမှ ဆိုင်ကယ်ရောင်းချသည့် မြေနေရာအငှားစာချုပ်အား ပြန်လည်အပ်နှံစာချုပ် အပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (၁၆) (ခ) အရ မရွှေ့မပြောင်း နိုင်သောပစ္စည်းကို ငှားရမ်းသည့်စာချုပ်စာတမ်း နှင့်သက်ဆိုင်ပါက မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေ၏ နောက်ဆက်တွဲဇယား (၁) စဉ် ၆၁ တွင် အငှားစာချုပ် ပြန်အပ်စာတမ်းနှင့် စပ်လျဉ်း၍

(က)  အငှားစာချုပ်အတွက် ထိုက်သင့်သော တံဆိပ်ခေါင်းခွန်မှာ ကျပ် ၅၀၀ ထက် မပိုလျှင် - အဆိုပါ အငှားစာချုပ်အတွက် ထိုက်သင့်သော တံဆိပ်ခေါင်းခွန်။

(ခ)    အခြားကိစ္စတစ်ခုခုဖြစ်လျှင် - ကျပ် ၆၀၀ ကင်းလွတ်ခွင့် (အငှားစာချုပ်မှာ တံဆိပ်ခေါင်းခွန် ကင်းလွတ်လျှင် ထိုအငှားစာချုပ်ကို ပြန်လည်စွန့်လွှတ် သည့်စာတမ်း) တို့ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ ဆိုင်ကယ်ရောင်းချသည့် မြေနေရာအငှားစာချုပ်အား ပြန်လည်အပ်နှံစာချုပ် အပေါ် တံဆိပ်ခေါင်းခွန်မည်မျှထိုက်သင့်သည်ကိုသိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

ကုမ္ပဏီ သို့မဟုတ် ဖွဲ့စည်းရန်ရည်ရွယ်သည့်ကုမ္ပဏီတစ်ခုခုဖြစ်စေ ကုမ္ပဏီ သို့မဟုတ် ဖွဲ့စည်းရန် ရည်ရွယ်သည့် ကုမ္ပဏီတစ်ခုခုက ချေးယူလိုက်သည့် ငွေတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ အစုရှယ်ယာများကို ခွဲဝေသတ်မှတ်သည့်စာအပေါ် တံဆိပ်ခေါင်းခွန် မှာ ကျပ် ခြောက်ရာ ထိုက်သင့်ပါသည်။

Question

ကုမ္ပဏီ သို့မဟုတ် ဖွဲ့စည်းရန်ရည်ရွယ်သည့်ကုမ္ပဏီတစ်ခုခုဖြစ်စေ ကုမ္ပဏီ သို့မဟုတ် ဖွဲ့စည်းရန် ရည်ရွယ်သည့် ကုမ္ပဏီတစ်ခုခုက ချေးယူလိုက်သည့် ငွေတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ အစုရှယ်ယာများကို ခွဲဝေသတ်မှတ်သည့်စာအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထိုက်သင့်မည်ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

ပြည်ထောင်စုလွှတ်တော်၏ ၂၆-၁၁-၂၀၁၉  နေ့တွင် “မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ ကိုပြင်ဆင်သည့်ဥပဒေ” ကိုပြဋ္ဌာန်းခဲ့ပါသည်။ ထိုဥပဒေတွင် တံဆိပ်ခေါင်းခွန် လုံလောက်စွာထမ်းဆောင်မထားသော စာချုပ်စာတမ်းအပေါ် ဒဏ်ကြေးငွေ တစ်ဆယ်ဆ အစား ဒဏ်ကြေးငွေ သုံးဆ ကို ပြင်ဆင်သတ်မှတ်လိုက်ပါသည်။ သို့ဖြစ်ပါ၍ ဒဏ်ငွေ တပ်ရိုက်ရာတွင် မည်သည့်ကာလကချုပ်ဆိုသည့် စာချုပ်ပင်ဖြစ်စေ ၂၆-၁၁-၂၀၁၉ ရက်နေ့ သို့မဟုတ် ယင်းနေ့နောက်ပိုင်းတွင် သိမ်းချုပ်ခြင်း၊ ဒဏ်ငွေတပ်ရိုက်ခြင်း ပြုလျှင် ဒဏ်ငွေကို သုံးဆ သာ ပေးဆောင်စေရမည်ဖြစ်ပါသည်။

Question

တံဆိပ်ခေါင်းခွန်လုံလောက်စွာ ထမ်းဆောင်ထားခြင်းမရှိသော စာချုပ်စာတမ်းအပေါ် ဒဏ်ကြေးငွေတစ်ဆယ်ဆ အစား ဒဏ်ကြေး ငွေသုံးဆကို မည်သည့်အချိန်တွင် ပြင်ဆင် သတ်မှတ်သည်ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

အဆောက်အဦငှားရမ်းခြင်းအတွက် ၁၅ နှစ်စာ စာချုပ်အပေါ် တံဆိပ်ခေါင်းခွန် လုံလောက်စွာ ထမ်းဆောင်ထားပြီး ငှားရမ်းကာလ ၁၅ နှစ်မပြည့်သော်လည်း ပိုင်ရှင်အမည် ပြောင်းလဲသွားပါက မူလစာချုပ်မှာ ပျက်ပြယ်သွားပြီဖြစ်ပါသဖြင့် ပိုင်ရှင်အသစ်အမည်ဖြင့် အငှားစာချုပ် ထပ်မံချုပ်ဆိုပြီး တံဆိပ်ခေါင်းခွန်လည်း ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

အဆောက်အဦငှားရမ်းခြင်းအတွက် ၁၅ နှစ်စာ စာချုပ်အပေါ် တံဆိပ်ခေါင်းခွန် လုံလောက်စွာ ထမ်းဆောင်ထားပြီး ငှားရမ်းကာလ ၁၅ နှစ်မပြည့်သော်လည်း ပိုင်ရှင်အမည် ပြောင်းလဲသွားပါက စာချုပ်အသစ် ထပ်မံချုပ်ဆိုရန် လို/မလို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

မြန်မာနိုင်ငံအတွင်း တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်းတစ်ခုခုကိုချုပ်ဆိုသူ မည်သူမဆို စာချုပ်မချုပ်ဆိုမီဖြစ်စေ သို့မဟုတ် စာချုပ်ချုပ်ဆိုချိန်တွင် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဟု မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၁၇ တွင် ပြဋ္ဌာန်း ထားပါသည်။ ကပ်နှိပ်လိုသည့် စာချုပ်စာတမ်း/စာမှတ်စာတမ်းများတင်ပြ၍ ထိုက်သင့် သည့် ရုံးခွန်/တံဆိပ်ခေါင်းခွန်များကို မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများနှင့် ဗဟိုအရောင်း ကောင်တာများတွင် ဥပ‌ဒေ/နည်းဥပဒေများနှင့်အညီ လွတ်လပ်စွာဝယ်ယူကပ်နှိပ်နိုင်ပါသည်။

Question

စာချုပ်ချုပ်ဆိုမှုအပေါ် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရန်မည်သည့်ရုံးနှင့် ဆက်သွယ် ဆောင်ရွက်ရမည်ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

ကုမ္ပဏီမှ အခြားကုမ္ပဏီတစ်ခု၏ လုပ်ငန်းဖက်စပ် လုပ်ကိုင်မှုစာချုပ်ကို ဖျက်သိမ်း သည့် စာချုပ်အပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၏ နောက်ဆက်တွဲဇယား (၁) စဉ် ၄၆(ခ) အရ တံဆိပ်ခေါင်းခွန်ထိုက်သင့်ငွေမှာ ကျပ် နှစ်ထောင်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ အခြားကုမ္ပဏီတစ်ခု၏ လုပ်ငန်းဖက်စပ် လုပ်ကိုင်မှုစာချုပ်ကို ဖျက်သိမ်းသည့် စာချုပ်အပေါ် တံဆိပ်ခေါင်းခွန် မည်မျှထိုက်သင့်သည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများအား ငွေချေးစာချုပ်အပေါ် ခံဝန်စာချုပ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၏ နောက်ဆက်တွဲဇယား (၁) စဉ် ၅၇ အရ ၎င်းမှာ ရာထူးအလျောက် ကျနစွာဆောင်ရွက်ရန် သို့မဟုတ် ထိုရာထူးအလျှောက် ရရှိသည့်ငွေ သို့မဟုတ် အခြားပစ္စည်းအတွက် တာဝန်ခံရန် အာမခံအဖြစ်ဖြင့် ချုပ်ဆိုသည့် သို့မဟုတ် ပဋိညာဉ်အတိုင်း ကျနစွာဆောင်ရွက်စေရန် ခံဝန်သူက ချုပ်ဆို သည့်စာချုပ်ဖြစ်၍ -

(က)  အာမခံသည် ငွေပေါင်းကျပ်တစ်သိန်းငါးသောင်းထက်မပိုလျှင် - အာမခံ သည့် ငွေအပေါ်တွင် ၀.၅%

(ခ)    အခြားကိစ္စရပ်တစ်ခုခုဖြစ်လျှင် - ကျပ်နှစ်ထောင့်ငါးရာဖြစ်၍ အထက် ဖော်ပြပါ ကိစ္စနှစ်ရပ်နှင့် အကျုံးဝင်သောစာချုပ်အပေါ် တံဆိပ်ခေါင်းခွန် ထမ်းဆောင် ရမည် ဖြစ်ပါသည်။

Question

ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများအား ငွေချေးစာချုပ်အပေါ် ခံဝန်စာချုပ်နှင့်စပ်လျဉ်း၍ တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

တစ်ဦးချင်းပုဂိ္ဂုလ်မှ လျော်ကြေးခံဝန်ချုပ်နှင့်စပ်လျဉ်းသော စာချုပ်အပေါ်တွင် မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန်အက်ဥပဒေ၏ နောက်ဆက်တွဲဇယား (၁) စဉ် (၃၄) အရ လျော်ကြေးခံဝန်ချုပ်အပေါ်တွင် ၀.၅% ဖြင့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည် ဖြစ်ပါကြောင်းနှင့် ထိုတံဆိပ်ခေါင်းခွန်ကို မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၂၉ အရ စာချုပ်စာတမ်းကိုရေးသားသူ၊ ပြုလုပ်သူ သို့မဟုတ် ချုပ်ဆိုသူက ပေးဆောင်ရမည် ဖြစ်ပါသည်။

Question

တစ်ဦးချင်းပုဂ္ဂိုလ်မှ လျော်ကြေးခံဝန်ချုပ်နှင့်စပ်လျဉ်းသော စာချုပ်အပေါ်တွင် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်နှင့် မည်သူကထမ်းဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်းများတွင် ထိုက်သင့်သည့်တံဆိပ်ခေါင်း ခွန် အပြည့်အဝထမ်းဆောင်ထားခြင်းမရှိလျှင် ဥပဒေအရ သို့မဟုတ် အမှုသည်တို့၏ သဘော တူညီချက်အရ သက်သေခံချက်ရယူပိုင်ခွင့်အာဏာရှိသူတစ်ဦးတစ်ယောက်က မည်သည့်အမှုကိစ္စနှင့်မျှ သက်သေခံချက်အဖြစ် လက်ခံခွင့်မရှိသည့်အပြင် ထိုစာချုပ် စာတမ်းအရ ဆောင်ရွက်ခြင်း၊ မှတ်ပုံတင်ခြင်း သို့မဟုတ် မှန်ကန်ကြောင်း အသိအမှတ်ပြုသက်သေခံ ချက်လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခွင့်မရှိကြောင်း မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ ပုဒ်မ ၃၅ တွင် ပြဋ္ဌာန်းထားပါသည်။ စာချုပ် စာတမ်းတစ်စုံတစ်ရာသည် ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန် လုံလောက်စွာထမ်းဆောင် ထားခြင်းမရှိပါက မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃၃ အရ သိမ်းချုပ်၍ ပုဒ်မ ၃၅ (က) အရ ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန် သို့မဟုတ် ပြည့်မီရန် လိုအပ်သည့် တံဆိပ်ခေါင်းခွန်၏ သုံးဆနှင့်ညီမျှသောငွေကို ပေးဆောင်စေ၍သော် လည်းကောင်း သက်သေခံချက်အဖြစ် လက်ခံနိုင်ပါသည်။

Question

စာချုပ်ချုပ်ဆိုရာတွင် တံဆိပ်ခေါင်းခွန်လုံလောက်စွာ မထမ်းဆောင်ပါက ဒဏ်ကြေး ငွေ မည်မျှထမ်းဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း