ပြည်တွင်းရှိ ဥပဒေအကြံပေး ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုက သီလဝါ အထူးစီးပွားရေးဇုန်ရှိ ကုမ္ပဏီတစ်ခုသို့ ဥပဒေအကြံပေး ဝန်ဆောင်မှုပြုလုပ်ပေးခြင်းအတွက် ၄င်းကုမ္ပဏီအား ကုန်သွယ်လုပ်ငန်းခွန်အပါအဝင်ထည့်သွင်း တောင်းခံရာ၌ ၄င်းမှာသီလဝါ အထူးစီးပွားရေးဇု

Answer

ဥပဒေအကြံပေးဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၄ (ဃ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှု (၃၀) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ (င) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။ ၄င်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီသည် ဝန်ဆောင်မှုကိုရယူသူ ကုမ္ပဏီထံမှ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၅ (ခ) အရ ကုန်သွယ်လုပ်ငန်းခွန် ထည့်သွင်းတောင်းခံရမည် ဖြစ်သော်လည်း ဝန်ဆောင်မှုရယူသူထံမှ မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေပါ သက်သာခွင့်၊ ကင်းလွတ်ခွင့်များကိုခံစားနိုင်ရန် ဇုန်စီမံခန့်ခွဲရေးကော်မတီထံမှ ပေးအပ်ထားသော အထောက် အထားမိတ္တူများ ရယူထားရမည် ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ  ဥပဒေအကြံပေး ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုက သီလဝါ အထူးစီးပွားရေးဇုန်ရှိ ကုမ္ပဏီတစ်ခုသို့ ဥပဒေအကြံပေး ဝန်ဆောင်မှုပြုလုပ်ပေးခြင်းအတွက် ၄င်းကုမ္ပဏီအား ကုန်သွယ်လုပ်ငန်းခွန်အပါအဝင်ထည့်သွင်း တောင်းခံရာ၌ ၄င်းမှာသီလဝါ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်ခွင့်ရသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိ ထား၍ ထည့်သွင်းတောင်းခံရန် မလိုအပ်ပါကြောင်း ပြောကြားလာပါသဖြင့် ထည့်သွင်း တောင်းခံရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။