ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းအထူးအဖွဲ့တင်ဒါတစ်ခုအတွက်နိုင်ငံခြားသံချောင်းများကိုပြည်တွင်းကုမ္ပဏီတစ်ခုမှပုဂ္ဂလိကအနေဖြင့်ဝယ်ယူခဲ့ပါသည်။ အဆိုပါသံချောင်းများကို ကုမ္ပဏီမှတရားဝင်ကုန်သွယ်လုပ်ငန်းခွန်ဆောင်ထားပြီးဖြစ်ပါသည်။ သို့သော်အရောင်းအဝယ်လက်ခံဖြတ်ပိုင်းတွင်
Answer
ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချစေသည့် လုပ်ငန်းများဖြစ်သော စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်တည်းခိုခန်းလုပ်ငန်း၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်း၊ ရွှေထည်လက်ဝတ်ရတနာနှင့် ကျောက်မျက်ရတနာရောင်းဝယ်ခြင်း လုပ်ငန်းများမှအပ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံပေးသွင်းရသော်လည်း ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန်သတ်မှတ်ထားခြင်းမရှိ၍ ကပ်နှိပ်ပေးရန် မလိုအပ်ပါ။
ကုန်သွယ်မှုဆောင်ရွက်သူလုပ်ငန်းရှင်သည်ကုန်စည်ဝယ်ယူသူထံမှ ကုန်သွယ်လုပ်ငန်းခွန်ကို အခွန်မကျသင့်မီရောင်းရငွေနှင့်အတူ တစ်ပါတည်းကောက်ခံပြီး ပေးဆောင်ရပါမည်။ ဝယ်ယူသူထံမှ ကောက်ခံရရှိသောအခွန်အတွက် ကုန်ရောင်းပြေစာနှင့်အတူ ပတခ (ကသခ) - ၃၁ ထုတ်ပေးရန်လည်းလိုအပ်ပါသည်။ ထိုသို့ဝယ်ယူစဉ်က ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန်အတွက် လုပ်ငန်းရှင်သည် ပတခ(ကသခ)-၃၁ ကို မိမိအခွန်စည်းကြပ်မှုခံယူသည့် အခွန်ရုံးသို့တင်ပြ၍ အခွန်ခုနှိမ်ခွင့် တောင်းခံနိုင်ပါသည်။
Question
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းအထူးအဖွဲ့တင်ဒါတစ်ခုအတွက် နိုင်ငံခြားသံချောင်းများ ကို ပြည်တွင်းကုမ္ပဏီတစ်ခုမှ ပုဂ္ဂလိကအနေဖြင့် ဝယ်ယူခဲ့ပါသည်။ အဆိုပါသံချောင်းများကို ကုမ္ပဏီမှ တရားဝင်ကုန်သွယ်လုပ်ငန်းခွန်ဆောင်ထားပြီးဖြစ်ပါသည်။ သို့သော် အရောင်းအဝယ်လက်ခံဖြတ်ပိုင်းတွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိပါ။ ဆောက်လုပ်ရေးတင်ဒါပစ္စည်းတွေအတွက် ကုန်သွယ်လုပ်ငန်းခွန် ၅% ကို ထပ်ပြီးပေးစရာလို/ မလို နှင့် Double Tax ပေးဆောင်စရာ လို/ မလို သိရှိလို၍မေးမြန်းခြင်း။