အထည်ချုပ်လုပ်ငန်းများအပေါ် မည်သည့်အခွန်များကောက်ခံသည်ကို သိရှိလိုပါသည်။
Answer
၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ (ဃ) အမှတ်စဉ် (၂၆) အရ ကုန်ကြမ်းပေး၊ ကုန်ချောယူစနစ်ဖြင့် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။ ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ (က)အရ စုစုပေါင်းအသားတင်အမြတ်ဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ပါသည်။
Question
အထည်ချုပ်လုပ်ငန်းများအပေါ် မည်သည့်အခွန်များ ကောက်ခံသည်ကို သိရှိလိုပါသည်။
FAQ Category