(၁၇) ကြိမ်မြောက် ၁၀၀၀ ကျပ်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့် ပတ်သက်၍ ကြေညာချက်
စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အောင်ဘာလေသိန်းဆုဌာနခွဲ
ကြေညာချက်
(ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် လ ၂၆ ရက်)
၁။ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် ကျင်းပမည့် (၁၇)ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ကစ’’ ထိ စုစုပေါင်းအက္ခရာ(၃၉)လုံး ရောင်းချခဲ့ပါသည်။
၂။ (၁၇) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ရောင်းချရသည့် အက္ခရာမှာ (၃၉) လုံး ဖြစ်၍ ၊ ထီစာအုပ်(၃၁၉၀၉၀၂) အုပ်ဖြစ်ပြီး၊ ထီလက်မှတ်စောင်ရေမှာ (၃၅၀၉၉၉၂၂) စောင် ဖြစ်ပါသည်။
၃။ ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း (၃၁၉၀၉.၀၂၀) ဖြစ်သဖြင့် ၆၀% ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း (၁၉၁၄၅.၄၁၂) ဖြစ်ပါသည်။
၄။ အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှ အောက်ဖော်ပြပါဆုမဲများ ချီးမြှင့်သွားမည်ဖြစ်ပါသည်-
(က) အထူးဆုကြီးစနစ်
(၁) | ကျပ်သိန်းတစ်သောင်းငါးထောင် | = | (၁) ဆု |
(၂) | ကျပ်သိန်းတစ်သောင်း | = | (၁) ဆု |
(၃) | ကျပ်သိန်းငါးထောင် | = | (၂) ဆု |
(၄) | ကျပ်သိန်းနှစ်ထောင် | = | (၅) ဆု |
(၅) | ကျပ်သိန်းတစ်ထောင် | = | (၇) ဆု |
(ခ) ဆုတစ်ဆုချင်းစနစ်
(၁) | ကျပ်သိန်းငါးရာ | = | (၁၈) ဆု |
(၂) | ကျပ်သိန်းနှစ်ရာ | = | (၂၁) ဆု |
(၃) | ကျပ်သိန်းတစ်ရာ | = | (၂၆) ဆု |
(၄) | ကျပ်သိန်းငါးဆယ် | = | (၂၆) ဆု |
(၅) | ကျပ်သိန်းနှစ်ဆယ် | = | (၂၉) ဆု |
(၆) | ကျပ်ဆယ်သိန်း | = | (၃၂) ဆု |
(ဂ)ဝေဝေဆာဆာပဒေသာဆုမဲစနစ်
(၁) | ကျပ် သုံးသိန်း | = | (၁၅၀) ဆု |
(၂) | ကျပ် နှစ်သိန်း | = | (၁၅၀၀) ဆု |
(၃) | ကျပ် တစ်သိန်း | = | (၁၈၀၀၀) ဆု |
(၄) | ကျပ် ငါးသောင်း | = | (၂၀၀၀၀၀) ဆု |
၅။ ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း (၂၅၀) အား တစ်ဆုချင်းဆုမဲ ကျပ် ၁၀ သိန်း (၄) ဆု နှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃ သိန်း (၂၀) ဆု၊ ကျပ် ၂ သိန်း (၂၀၀) ဆု၊ ကျပ် ၁သိန်း (၂၀၀၀) ဆု စုစုပေါင်း( ၂၂၂၄)ဆု ကိုလည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။
၆။ (၁၇) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၇.၂၀၂၀)ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ နံနက်(၇:၃၀)နာရီအချိန်တွင် အမှတ် (၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။