(၂၄) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့်ပတ်သက်၍ ကြေညာချက်
စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အောင်ဘာလေသိန်းဆုဌာနခွဲ
ကြေညာချက်
(ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ လ ၂၈ ရက်)
၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်ကျင်းပမည့် (၂၄) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် မူလထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ကဇ”ထိ စုစုပေါင်းအက္ခရာ (၄၁)လုံး၊ ထီစာအုပ်(၃၃၅၄၅၃၈) အုပ် ရောင်းချခဲ့ရာတွင် ကုန်စင်အောင်ရောင်းချနိုင်ခဲ့သည့်အပြင် ဝယ်လိုအားမြင့်တက်လာသည့်အတွက် အရန်ထီအက္ခရာ “ကဈ” တစ်လုံး၊ ထီစာအုပ် ( ၈၁၈၁၈ ) အုပ်ကိုလည်း ကုန်စင်အောင် ထပ်မံရောင်းချနိုင်ခဲ့ပါသည်။
၂။ (၂၄) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက်ရောင်းချရသည့် အက္ခရာမှာ အရန်ထီအပါအဝင် စုစုပေါင်းအက္ခရာ (၄၂) လုံးဖြစ်ပါသည်။ ရောင်းချခဲ့ရသည့် ထီအုပ်ရေမှာ (၃၄၃၆၃၅၆) အုပ်ဖြစ်ပြီး ထီလက်မှတ် စောင်ရေမှာ (၃၇၇၉၉၉၁၆) စောင်ဖြစ်ပါသည်။
၃။ ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း (၃၄၃၆၃.၅၆၀) ဖြစ်သဖြင့် ၆၀% ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း (၂၀၆၁၈.၁၃၆) ဖြစ်ပါသည်။
၄။ အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှ အောက်ဖော်ပြပါဆုမဲများ ချီးမြှင့်သွားမည်ဖြစ်ပါသည်-
(က) | အထူးဆုကြီးစနစ် | |||
(၁) | ကျပ်သိန်းတစ်သောင်းငါးထောင် | = | (၁) ဆု | |
(၂) | ကျပ်သိန်းတစ်သောင်း | = | (၁) ဆု | |
(၃) | ကျပ်သိန်းငါးထောင် | = | (၂) ဆု | |
(၄) | ကျပ်သိန်းနှစ်ထောင် | = | (၄) ဆု | |
(၅) | ကျပ်သိန်းတစ်ထောင် | = | (၈) ဆု | |
(ခ) | ဆုတစ်ဆုချင်းစနစ် | |||
(၁) | ကျပ်သိန်းငါးရာ | = | (၂၃) ဆု | |
(၂) | ကျပ်သိန်းနှစ်ရာ | = | (၂၃) ဆု | |
(၃) | ကျပ်သိန်းတစ်ရာ | = | (၂၄) ဆု | |
(၄) | ကျပ်သိန်းငါးဆယ် | = | (၂၅) ဆု | |
(၅) | ကျပ်သိန်းနှစ်ဆယ် | = | (၂၇) ဆု | |
(၆) | ကျပ်ဆယ်သိန်း | = | (၂၉) ဆု | |
(ဂ) | ဝေဝေဆာဆာပဒေသာဆုမဲစနစ် | |||
(၁) | ကျပ် သုံးသိန်း | = | (၂၀၀) ဆု | |
(၂) | ကျပ် နှစ်သိန်း | = | (၂၀၀၀) ဆု | |
(၃) | ကျပ် တစ်သိန်း | = | (၂၀၀၀၀) ဆု | |
(၄) | ကျပ် ငါးသောင်း | = | (၂၂၀၀၀၀) ဆု |
၄။ ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသောဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း (၂၅၀) အား တစ်ဆုချင်းဆုမဲ ကျပ် ၁၀ သိန်း (၄) ဆုနှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃ သိန်း (၂၀) ဆု၊ ကျပ် ၂ သိန်း (၂၀၀) ဆု၊ ကျပ် ၁ သိန်း (၂၀၀၀) ဆု၊ စုစုပေါင်း( ၂၂၂၄) ဆု ကိုလည်းထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။
၅။ (၂၄) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၂.၂၀၂၁) ရက်နေ့ (တနင်္လာနေ့)၊ နံနက် (၈:၀၀) နာရီအချိန်တွင် အမှတ် (၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။