အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)
Answer
ကုမ္ပဏီမှ ဝန်ထမ်းများ၏ လစာဝင်ငွေခွန်အား လစဉ်ပေးဆောင်ပြီးနောက် လစာ ဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းဆိုင်ရာအထောက်အထားလက်မှတ် Paye Certificate ပတခ(ဝင)-၁၅(က) တွင် အချက်အလက်များပြည့်စုံစွာရေးသွင်းပြီး လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းခံရသူများသို့ နှစ်စဉ်ထုတ်ပေး၍ မူရင်းခွဲအားမှတ်တမ်းထားရှိရမည်။ အဆိုပါပုံစံ၏ စာမျက်နှာ (၂) အား ကျောကပ်၍ စာရွက် တစ်ရွက်တည်း ထုတ်ပေး ရမည်။ လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းခံရသူများသို့ အထောက်အထား လက်မှတ် Paye Certificate ထုတ်ပေးရာတွင် အဆိုပါ ဝန်ထမ်းအတွက် ပထမဆုံး လစာနုတ်ယူပေးသွင်းသည့်လမှစ၍ ရေးသွင်းရမည်ဖြစ်ပြီးဝန်ထမ်းက မိမိရုံးတွင် ဆက်လက်လုပ်ကိုင်ခြင်းမရှိပါက လစာနောက်ဆုံးနုတ်ယူပေးသွင်းသည့်လအထိသာ ရေးသွင်းပေးရမည်။ မိမိရုံးတွင်လုပ်ကိုင်ခြင်းမရှိသည့်လများအား ကန့်လန့်ဖြတ်မျဉ်း ရေးဆွဲ၍ ပယ်ဖျက်ပေးရမည်။ မိမိကုမ္ပဏီမှဝန်ထမ်းပြောင်းရွှေ့သွားပါက ဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းဆိုင်ရာ Paye Certificate ပတခ(ဝင)-၁၅(က) မူရင်းခွဲကို ဝန်ထမ်းသို့ထုတ်ပေးရမည်။ ဝန်ထမ်းမှ နောက်အလုပ်ရသည့်အခါ မူရင်းခွဲကို နောက်အလုပ်ရှင်အသစ်ထံသို့ ပေးရမည်။ အလုပ်ရှင်အသစ်သည် အဆိုပါမူရင်းခွဲပါ လစာဝင်ငွေပမာဏနှင့် မိမိရုံးမှ ထုတ်ပေးမည့်လစာဝင်ငွေပမာဏကို ဘဏ္ဍာနှစ် တစ်နှစ်စာအတွက် လစာဝင်ငွေခွန်တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ရမည်။ အခြေပစ္စည်းဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် ရယူ ဆောင်ရွက်သည့်အခါ ဝင်ငွေရလမ်းတင်ပြရာတွင် ယခင်က အသုံးပြုခဲ့သည့် အခွန် ပေးဆောင်မှုမှတ်တမ်းစာအုပ်ကဲ့သို့ လစာဝင်ငွေခွန်ပေးသွင်းခြင်းဆိုင်ရာ အထောက် အထားလက်မှတ် Paye Certificate ပတခ(ဝင)-၁၅(က) ကို လည်းတင်ပြနိုင်ပါသည်။ ပတခ(ဝင)-၁၅(က) ပုံစံအား IRD ၏ website ဖြစ်သော www.ird.gov.mm ၏ Home Page >> Media >> form for SAS Tax office >> ဝင်ငွေကြေညာလွှာ ခေါင်းစဉ်များအောက်ရှိပုံစံများတွင်လည်း Download ရယူနိုင်ပါသည်။
Question
ကုမ္ပဏီမှဝန်ထမ်းများ၏ လစာဝင်ငွေခွန်အား လစဉ်ပေးဆောင်ပြီးနောက် လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းဆိုင်ရာအထောက်အထားလက်မှတ် ပတခ(ဝင)-၁၅(က) ပုံစံ အား မည်သည့်အချိန်တွင် ထုတ်ပေးရမည်ကို သိရှိလို၍မေးမြန်းခြင်း