အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) အရ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရဖြစ်စေ၊ ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေ အရ ဖြစ်စေ မြန်မာနိုင်ငံ၌ မှတ်ပုံတင်၍ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီဖြစ်လျှင် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ စုစုပေါင်း အသားတင်အမြတ်ဝင်ငွေအပေါ် ၂၂% ဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ ၎င်းအပြင် ပုဒ်မ ၂၃၊ ပုဒ်မခွဲ (ဂ) အရ ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင်များပိုင်ကုမ္ပဏီများအပေါ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ စုစုပေါင်း အသားတင်အမြတ်ဝင်ငွေအပေါ်  ၁၇% ဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ (က) တွင် လည်း မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်သည့် ပုဂိ္ဂုလ်စုဖြစ်ပါက ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ စုစုပေါင်းအသားတင်အမြတ်ငွေအပေါ် ၂၅% ဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီများအပေါ်တွင် မည်သည့်နှုန်းဖြင့် အခွန်စည်းကြပ်ကောက်ခံသည်နှင့် မည်သို့ သိရှိနိုင်မည်ကို သိရှိလို၍ မေးမြန်းခြင်း