အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)
Answer
ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန်နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ၁၈-၆-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် - ၄၇/၂၀၁၈ အရ ပေးချေငွေများ အပေါ် ပင်ရင်းမှနုတ်ယူပေးသွင်းရမည့်နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
စဉ် |
ပေးချေငွေအမျိုးအစား |
ထုတ်ယူပေးသည့်ငွေမှ အခွန်အတွက် နုတ်ယူရန် ရာခိုင်နှုန်း |
|
ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသား များအတွက် |
ပြည်ပနေ နိုင်ငံခြားသား အတွက် |
||
(က) |
အတိုးပေးငွေများ |
- |
၁၅% |
(ခ) |
လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည်တို့ကို အသုံးချခွင့်ပြုသည့်အတွက် ပေးချေငွေများ |
၁၀% |
၁၅% |
(ဂ) |
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည် ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက တင်ဒါစနစ် သို့မဟုတ် လေလံစနစ် သို့မဟုတ် ဈေးပြိုင်ခေါ်ယူသည့်စနစ် သို့မဟုတ် ကန်ထရိုက် စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် အခြားစနစ်တစ်ခုခုဖြင့် နိုင်ငံတော် အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက် ပေးစေခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးစေခြင်း တို့အတွက် ပေးချေငွေများ |
၂% |
၂.၅% |
(ဃ) |
နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက် သည့် စီးပွားရေးလုပ်ငန်းများ၊ အစုစပ်လုပ်ငန်း၊ ဖက်စပ်လုပ်ကိုင်သည့်လုပ်ငန်း၊ ကုမ္ပဏီ၊ တစ်ဦးချင်း ပုဂ္ဂိုလ်တို့ စုပေါင်းထားသည့် အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့၊ သမဝါယမအသင်းနှင့် နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင် လုပ်ငန်းများ၊ ကန်ထရိုက်စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် အခြားစနစ် တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးစေခြင်း၊ ဝန်ဆောင်မှု ဆောင်ရွက်ပေးစေခြင်းတို့အတွက် ပေးချေငွေများ |
- |
၂.၅% |
Question
ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန်နှင့်စပ်လျဉ်း၍ ပြည်ပနေနိုင်ငံခြားသား ပေးချေငွေ အပေါ် နုတ်ယူရမည့်နှုန်းထားအား သိရှိလို၍ မေးမြန်းခြင်း