အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)
Answer
မြေငှားရမ်းခြင်းဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) တွင် ဖော်ပြထားသော ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစား (၃၄) မျိုးတွင် မပါဝင်သောကြောင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။ ပြည်တွင်း၌ ဆောင်ရွက်သည့် ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် အခွန်စည်းကြပ်ထိုက်သောရငွေ ပမာဏကျော်လွန်ပါက ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) အရ ကုန်သွယ် လုပ်ငန်းခွန်မကျသင့်မီရငွေနှင့်အတူ ဝန်ဆောင်မှုကိုရယူသူ ထံမှ အခွန်ကို တစ်ပါတည်း ကောက်ခံပြီးပေးဆောင်ရမည်ဖြစ်ရာ မြေငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ဆောင်မှု ဆောင်ရွက်သူ (မြေပိုင်ရှင်) သည် ဝန်ဆောင်မှုကိုရယူသူ (ငှားရမ်းသူ) ထံမှ အခွန်ကို တစ်ပါတည်းကောက်ခံပြီး ပေးဆောင်ရမည်ဖြစ်ပါသည်။
Question
ကုမ္ပဏီမှ မြေငှားရမ်းခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် မည်မျှကျသင့်မည်နှင့် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်ကို မည်သူက ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း