အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)
Answer
ကုမ္ပဏီ၏ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသေး၍ ကုန်သွယ်လုပ်ငန်းခွန်နှင့် စပ်လျဉ်း၍ မှတ်ပုံတင်ထားခြင်း မရှိသော်လည်း ပစ္စည်းဝယ်ယူခြင်းအတွက် ပစ္စည်းတန်ဖိုးနှင့်အတူ ကုန်သွယ်လုပ်ငန်းခွန် ၅% ပေးဆောင်ခဲ့ရခြင်းအတွက် စရိတ်အဖြစ် ခုနှိမ်ခွင့်ကိုခံစားလို ပါက ပစ္စည်းရောင်းချသူတွင် ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင် ပတခ(ကသခ)-၀၁-၀၂၊ ယခင် ပတခ(ကသခ)-၂ ကို ရယူထားပြီးဖြစ်ရန် လိုအပ်မည်။ ဝယ်ယူသူမှာလည်း ရယူထားမှသာ ရောင်းချသူမှ ပစ္စည်းဝယ်ယူသူသို့ ပစ္စည်းဝယ်ယူရာတွင် ပေးဆောင်ခဲ့ ရခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခဲ့ကြောင်း အထောက်အထားအဖြစ် ပတခ(ကသခ)-၀၅-၀၁ ယခင် ပတခ(ကသခ)-၃၁ ကို ထုတ်ပေးနိုင်မည်ဖြစ်ပြီး ဝယ်ယူသူမှ လက်ခံရရှိသည့် ပတခ(ကသခ)-၃၁ သို့မဟုတ် ပတခ(ကသခ)-၀၅-၀၁ ကို အထောက်အထားအဖြစ် တင်ပြ၍ စရိတ်အဖြစ်သော်လည်းကောင်း၊ အခွန် ကျသင့်ခြင်းဖြစ်ပါက အခွန်ခုနှိမ်ခွင့် သော်လည်ကောင်း ခံစားခွင့်ရရှိမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (ခ) ၏ ရှင်းလင်းချက် (၂) ဖော်ပြချက်မှာ ကုန်သွယ်လုပ်ငန်းခွန်တွင် မည်သို့ပင် ပြဋ္ဌာန်း ပါရှိစေကာမူ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ စည်းကြပ်ထိုက်သည့်ရောင်းရငွေ၊ ရငွေရရှိမည့်သူ သို့မဟုတ် ကုန်သွယ်လုပ်ငန်းခွန်ခုနှိမ်ခွင့် ခံစားလိုသူ မည်သူမဆို မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရမည်ဟု ဖော်ပြထားသဖြင့်လုပ်ငန်း မှတ်ပုံတင် လက်မှတ် လျှောက်ထားရယူထားရမည်ဖြစ်ပါသည်။
Question
ကုမ္ပဏီမှလုပ်ငန်းများလုပ်ကိုင်ခြင်းမရှိသေးသဖြင့် ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင် ထား ခြင်းမရှိပါ။ အခြားနေရာမှ ပစ္စည်းဝယ်ယူခြင်းအတွက် ပေးခဲ့ရသောကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းအား ခုနှိမ်ခွင့်အဖြစ်ခံစားခွင့် ရှိ/မရှိ သိလို၍မေးမြန်းခြင်း