လစာဝင်ငွေ
၆။ အခွန်ကျသင့်ခြင်းနှင့် အခွန်တွက်ချက်ခန့်မှန်းခြင်း ( Taxation & calculation )
လစာဝင်ငွေခွန် တွက်ချက်ခြင်း
- နှစ်တစ်နှစ်အတွင်း လစာဝင်ငွေ ကျပ် ၄၈သိန်း အထက်ရရှိပါက အဆိုပါ စုစုပေါင်းဝင်ငွေမှ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များကိုနုတ်ပယ်ပြီးနောက် ကျန်ငွေအပေါ် အောက်ပါ ဝင်ငွေအလွှာလိုက်နှုန်းထားအတိုင်း ဝင်ငွေခွန်ကျသင့်ပါမည်။ (၂၀၁၈ ခုနှစ် ပြည်ထောင်စု ၏အခွန်အကောက် ဥပဒေပုဒ်မ၁၉ (ဂ))
စည်းကြပ်ရန် ဝင်ငွေအလွှာ စည်းကြပ်ရန် ဝင်ငွေနှုန်း
စဉ် မှ ထိ
ကျပ် ကျပ်
(၁) ၁ ၂၀၀၀၀၀၀ ၀ ရာခိုင်နှုန်း
(၂) ၂၀၀၀၀၀၁ ၅၀၀၀၀၀၀ ၅ ရာခိုင်နှုန်း
(၃) ၅၀၀၀၀၀၁ ၁၀၀၀၀၀၀၀ ၁၀ ရာခိုင်နှုန်း
(၄) ၁၀၀၀၀၀၀၁ ၂၀၀၀၀၀၀၀ ၁၅ ရာခိုင်နှုန်း
(၅) ၂၀၀၀၀၀၀၁ ၃၀၀၀၀၀၀၀ ၂၀ ရာခိုင်နှုန်း
(၆) ၃၀၀၀၀၀၀၁ နှင့်အထက် ၂၅ ရာခိုင်နှုန်း
(မိမိလစဉ်ကျသင့်မည့် လစာဝင်ငွေခွန်ကို Tax Calculator link တွင် ဝင်ရောက်တွက်ချက် ခန့်မှန်းနိုင်ပါသည်။)