ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ၄င်းတို့သည်ဟိုတယ်လုပ်ငန်း လုပ်ကိုင်ပါကြောင်း ဟိုတယ် လုပ်ငန်းမှ Customer သို့ ပြေစာထုတ်ပေးရာတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် လို/မလိုနှင့် လိုအပ်ပါက အခွန်အမှတ်တံဆိပ်ကို မည်သည့်နေရာတွင် ထုတ်ယူရပါကြောင်းနှင့် တောင်းခံရယူထားသည့်
Answer
ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရာတွင် Room Charges ၊ ဒိုဘီခ ၊ Transportation Charges အပေါ် တွင်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန်အပါ တောင်းခံရယူထား၍ ကုန်သွယ် လုပ်ငန်းခွန် ၅ % ကိုဟိုတယ်လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီက၄င်းအမည်ဖြင့် ပေးသွင်းပေး ရမည်ဖြစ်ပါသည်။ ဟိုတယ်လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီသည် အခန်းငှားရမ်းခြင်းအတွက် customer သို့ ပြေစာ ထုတ်ပေးရာတွင် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၀၊ စည်းမျဉ်းခွဲ (က) အရ သတ်မှတ်ထားသော ကျသင့်အခွန်တန်ဖိုးအတိုင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ် ပေးရမည်ဖြစ်ပြီး၊ အခွန်အမှတ်တံဆိပ်ရရှိရန် ဟိုတယ်ဖွင့်လှစ်ထားရှိရာ မြို့နယ်အခွန် ဦးစီးမှူးရုံး၌ တွက်ချက်၍ လျှောက်ထားရယူရမည် ဖြစ်ပါသည်။ တည်းခိုခန်းလုပ်ကိုင် သည့် လုပ်ငန်းရှင်အနေဖြင့် ပြေစာများ၌ အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ပြီး တောင်းခံရယူ ထားသည့် ကုန်သွယ်လုပ်ငန်းခွန်များအား ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂ အရ လစဉ် ကျသင့်သောအခွန်ကို သက်ဆိုင်ရာလကုန်ဆုံးပြီး တစ်ဆယ်ရက်အတွင်းပေးဆောင်ရမည် ဖြစ်ပါသည်။ ပေးသွင်းရန် ပျက်ကွက်ပါက ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ (ခ) အရ စည်းကြပ်မှုအရ ကျသင့်အခွန်၏ တစ်ဆယ်ရာခိုင်နှုန်းဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ပါသည်။
Question
ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ၄င်းတို့သည်ဟိုတယ်လုပ်ငန်း လုပ်ကိုင်ပါကြောင်း ဟိုတယ် လုပ်ငန်းမှ Customer သို့ ပြေစာထုတ်ပေးရာတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် လို/မလိုနှင့် လိုအပ်ပါက အခွန်အမှတ်တံဆိပ်ကို မည်သည့်နေရာတွင် ထုတ်ယူရပါကြောင်းနှင့် တောင်းခံရယူထားသည့် ကုန်သွယ်လုပ်ငန်းခွန်များကို မည်သည့်ကာလအတွင်း ပေးသွင်း ရမည်ဖြစ်ကြောင်း မပေးသွင်းဖြစ်ခဲ့ပါက ဒဏ်တပ်ရိုက်ခြင်း ရှိ/မရှိနှင့် ဒဏ်တပ်ရိုက်ပါက မည်သည့် ဥပဒေပုဒ်မများဖြစ်သည်ကို သိရှိ လို၍ မေးမြန်းခြင်း။