ဌာနပိုင် မြေငှားရမ်းခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည့် ရာခိုင်နှုန်းနှင့် မည်သည့်ကာလမှ စတင်ကောက်ခံပေးသွင်းရမည်ဖြစ်ကြောင်းသိရှိလိုခြင်း၊ ထိုသို့ပေးဆောင် ရမည်ဖြစ်ကြောင်း ဌာနဆိုင်ရာများသို့ အကြောင်းကြားထားမှု ရှိ/မရှိ သိရှိလိုခြင်း။
Answer
ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (ခ)အရ မြေငှားရမ်းပေးသည့် ဌာနအနေဖြင့် မြေငှားရမ်းသူထံမှ ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်း ကောက်ခံပြီး ပေးသွင်းရပါ မည်။ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကုန်သွယ်လုပ်ငန်းခွန် အခွန်နှုန်းထားများကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် ပြဌာန်းသတ်မှတ် ပေးလျက်ရှိပြီး အခွန်နှုန်းထားမှာ ၅% ဖြစ်ပါ သည်။ ဌာနပိုင် မြေ/ အဆောက်အဦ ငှားရမ်းခများအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်းကောက်ခံပြီး သက် ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ပေးသွင်းရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၏ ၁၅-၅-၂၀၁၅ ရက်နေ့ ရက်စွဲပါ စာအမှတ် ၁၂၆၃/ ၃၃၅ လုပ်ငန်းခွန် ၁-၁၈/ အဖရ (၂၀၁၅) ဖြင့် အစိုးရဌာနများအသီးသီးသို့ အကြောင်းကြားထားပါသည်။
Question