တရုတ်နိုင်ငံသားနှစ်ဦးပါဝင်သော အိမ်တွင်းအလှဆင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီတစ်ခုအနေဖြင့် မည်သည့်အခွန်များ ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း။
Answer
အိမ်တွင်းအလှဆင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ဃ)ပါ ကုန်သွယ်လုပ်ငန်းခွန် မကျသင့် သည့်ဝန်ဆောင်မှု (၂၉) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ ( င ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။ ၎င်းအိမ်တွင်းအလှဆင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်းဝန်ဆောင်မှုလုပ် ငန်းသည် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်သဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁ ( က ) အရ ပုံစံပတခ(ကသခ)-၁ဖြင့် မှတ်ပုံတင်ရမည်ဖြစ်ပြီး ပုဒ်မ ၁၁(ခ) အရ ပုံစံ ပတခ (ကသခ)-၃ ဖြင့် လုပ်ငန်းစတင်လုပ်ကိုင် ကြောင်းအကြောင်းကြားစာတို့ကို သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးထံတင်ပြ၍ လုပ်ငန်းရှင်အားမှတ်ပုံတင် ခွင့်ပြုကြောင်းထုတ်ပေးသည့် ပုံစံ ပတခ (ကသခ) - ၂ ကို လျှောက်ထားရယူရမည်ဖြစ်ပါသည်။ ၎င်းအိမ်တွင်း အလှဆင် ဝန်ဆောင်မှုလုပ်ငန်းမှ ၀င်ငွေရရှိပါက ယင်းငွေအပေါ်ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၂ ( က ) အရ သက်ဆိုင်ရာ လကုန်ဆုံးပြီး တစ်ဆယ်ရက် အတွင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ ထို့ပြင် သုံးလတစ်ကြိမ် ကြေညာလွှာကို သက်ဆိုင်ရာ သုံးလ ပတ်ကုန်ဆုံးပြီးနောက်တစ်လအတွင်း သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံးသို့ ပေးပို့ရ မည်ဖြစ်ပါသည်။
Question
တရုတ်နိုင်ငံသားနှစ်ဦးပါဝင်သော အိမ်တွင်းအလှဆင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီတစ်ခုအနေဖြင့် မည်သည့်အခွန်များ ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း။