ပို့ဆောင်ရေးဝန်ကြီးဌာနပိုင် မြေနေရာဂိုဒေါင်အား ကာကွယ်ရေးဝန်ကြီးဌာနမှ ရိက္ခာများ သိုလှောင်ထားရှိရန် ငှားရမ်းမည်ဖြစ်ရာ ငှားရမ်းခတွင် ကုန်သွယ်လုပ်ငန်းခွန်အပါအ၀င် ပေးရခြင်း ရှိ/မရှိ သိရှိလို၍မေးမြန်းခြင်း။

Answer

ပို့ဆောင်ရေးဝန်ကြီးဌာနပိုင်မြေနေရာ ဂိုဒေါင်အား ကာကွယ်ရေးဝန်ကြီးဌာနမှ ရိက္ခာများ သိုလှောင် ထားရှိရန်မြေနေရာငှားရမ်းမှုအတွက် ယင်းဝန်ဆောင်မှုလုပ်ငန်းမှာ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ဃ) ရှိ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှု အမျိုးအစား ဖြစ်သည့်အမှတ်စဉ် ၂၉ ပါ ဦးစီးဌာန စသည့်အဖွဲ့အစည်း အချင်း ချင်းဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ ( နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးစေခြင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ဝန်ဆောင်မှု ရယူခြင်းမပါ) အမျိုးအစားတွင် ပါဝင်ပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်းမရှိပါ။

Question