၂၀၁၆ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (ဂ) အမှတ်စဉ် (၆၈) ပါ ဆေးဂွမ်း၊ ဆေးပတ်၊ ဆေးပတ်တီး၊ ဆေးရုံသုံး အဝတ်အစားနှင့် ဆေးရုံသုံး အထွေထွေပစ္စည်းများ (ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများတွင်အသုံးပြုရန် ကိုယ်တိုင် တင်သွင်းသည့်ပစ္စည်းများအတွက်သာ) ဟု ပြဋ္ဌာန်းထား

Answer

အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၁၆ တွင်ဖော်ပြထားပြီးဖြစ်သည့်အတိုင်း ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများတွင်အသုံးပြုရန် ကိုယ်တိုင်တင်သွင်း၍ ဆိုင်ရာဆေးရုံ၊ ဆေးခန်း ၌ရောင်းချခြင်း၊ အသုံးပြုခြင်းဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။ ဆေးရုံ၊ ဆေးခန်းများက တင်သွင်းပြီး အခြားသူသို့ ပြန်လည်ရောင်းချမည်ဆိုပါကလည်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။ အခြားသူကတင်သွင်းခြင်းဖြစ် ပါကလည်း ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ပါသည်။ အခြားသူက ရောင်းချခြင်းဖြစ် ပါကလည်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။

Question

၂၀၁၆ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (ဂ) အမှတ်စဉ် (၆၈) ပါ ဆေးဂွမ်း၊ ဆေးပတ်၊ ဆေးပတ်တီး၊ ဆေးရုံသုံး အဝတ်အစားနှင့် ဆေးရုံသုံး အထွေထွေပစ္စည်းများ (ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများတွင်အသုံးပြုရန် ကိုယ်တိုင် တင်သွင်းသည့်ပစ္စည်းများအတွက်သာ) ဟု ပြဋ္ဌာန်းထားရှိသည့်အတွက် ၎င်းကုန် ပစ္စည်းများအား ဆေးရုံဆေးခန်းကြီးများမှ ကိုယ်တိုင်တင်သွင်းပြီး အသုံးပြုရန် မဟုတ်ဘဲ ရပ်ကွက်အတွင်းရှိဆေးခန်းများသို့ ပြန်လည်ရောင်းချရန်အတွက် တင် သွင်းလာပါက ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ / မရှိ မေးမြန်းခြင်း။