အခွန်ထမ်းကုမ္ပဏီများ၏ ကြေညာလွှာတင်သွင်းခြင်း လုပ်ငန်းစဉ်တွင် အီလက်ထရောနစ် အခွန်ကြေညာလွှာ တင်သွင်းမှုစနစ်ဖြင့် ပြောင်းလဲကျင့်သုံးသွားမည့် အစီအစဉ်ကို အသိပေးကြေညာခြင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အခွန်ထမ်းကုမ္ပဏီများ၏ ကြေညာလွှာတင်သွင်းခြင်းလုပ်ငန်းစဉ်တွင် အီလက်ထရောနစ် အခွန်ကြေညာလွှာတင်သွင်းမှုစနစ်ဖြင့် ပြောင်းလဲကျင့်သုံးသွားမည့်အစီအစဉ်ကို အသိပေးကြေညာခြင်း
၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ အခွန်ကြေညာလွှာတင်သွင်းသည့် လုပ်ငန်းစဉ်များတွင် လွယ်ကူလျင်မြန်စေရန် ရည်ရွယ်လျက် အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းမှုစနစ် (E-Filing Management System) ကိုအသုံးပြု၍ ကြေညာလွှာများတင်သွင်းနိုင်ရေး ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။