၁။ သမဝါယမလုပ်ငန်း (Definition)
- ၁၉၉၂ခုနှစ် သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းထားသည့် သမဝါယမအသင်းများကို ဆိုလို ပါသည်။ ယင်းတွင် အခြေခံသမဝါယမအသင်း၊ သမဝါယမအသင်းစု၊ သမဝါယမအသင်းစုချုပ်နှင့် ဗဟိုသမဝါယမအသင်းများပါဝင်ပါသည်။
၂။ ဝင်ငွေနှင့်တာဝန် (Income & Obligation)
- အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေရလျှင် (ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်)
- ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမှ ဝင်ငွေရလျှင် (အထူးကုန်စည်ခွန်၊ကုန်သွယ်လုပ်ငန်းခွန်နှင့်ဝင်ငွေခွန်) အသီးသီးပေးဆောင်ရပါမည်။
၃။ အခွန်ထမ်းမှတ်ပုံတင်ခြင်းနှင့် ကြေညာလွှာတင်သွင်းခြင်း (Registering & Filing)
အခွန်ထမ်းမှတ်ပုံတင်ခြင်း (Registration)
ဝင်ငွေခွန်
- ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းတည်ထောင်၍ လုပ်ငန်းစတင် လုပ်ကိုင်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးနှင့် ဆက်သွယ်၍ အခွန်ထမ်းအဖြစ် မှတ်ပုံတင်ရမည်။ (GIR သို့မဟုတ် TIN)
ကုန်သွယ်လုပ်ငန်းခွန်
- လုပ်ငန်းစတင်လုပ်ကိုင်လျှင် လုပ်ငန်းစတင်ကြောင်းအကြောင်းကြားစာပုံစံ ပတခ (ကသခ)-၃ဖြင့် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ အကြောင်းကြားရမည်။
- ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်လုပ်ငန်းဖြစ်လျှင် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးတွင် ပုံစံပတခ(ကသခ)-၁ ဖြင့် မှတ်ပုံတင်ခွင့်ပြုပါရန် လျှောက်လွှာတင် သွင်းရပါမည်။သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးရုံးက မှတ်ပုံတင်ခွင့်ပြုကြောင်း လုပ်ငန်းရှင် မှတ်ပုံတင်ပုံစံ ပတခ(ကသခ)-၂ ကိုထုတ်ပေးပါမည်။
အထူးကုန်စည်ခွန်
- အထူးကုန်စည်ခွန် ထုတ်လုပ်၊ တင်ပို့လျှင် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးထံ အထူးကုန်စည်ခွန် မှတ်ပုံတင်ရန် လျှောက်လွှာပုံစံ ပတခ(အထခ)-၁ ကိုနှစ်စဉ်တင်သွင်းရပါမည်။ ဆိုင်ရာအခွန်ရုံးက မှတ်ပုံတင်ခွင့်ပြုကြောင်းပုံစံ(အထခ)-၂ ကို ထုတ်ပေးမည်ဖြစ်ပါသည်။ (အထူးကုန်စည်ခွန်ဉပဒေ ပုဒ်မ ၁၅)
- အခွန်ထမ်းဆောင်လျက်ရှိသည့် သမဝါယမအသင်းဟောင်းများအနေဖြင့် မိမိအသင်း စည်းကြပ်မှုခံယူလျက်ရှိသည့် သက်ဆိုင်ရာအခွန်ရုံးများတွင် ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ရန်နှင့် အထူးကုန်စည်ခွန် မှတ်ပုံတင်ရန် နှစ်စဉ် လျှောက်လွှာတင်ရမည်။
- အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS)ကျင့်သုံးသည့် ရုံးများတွင်စည်းကြပ် မှု ခံယူလျက်ရှိသည့် သမဝါယမအသင်းများအနေဖြင့် အဆိုပါ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်(SAS) နည်းလမ်းအတိုင်း အသုံးပြုရမည့်(SAS Form) ပုံစံများကို အသုံးပြုဆောင်ရွက်ရပါမည်။
ကြေညာလွှာတင်သွင်းခြင်း (Filing)
အထူးကုန်စည်ခွန်ကြေညာလွှာ
- အထူးကုန်စည်ခွန် ကျသင့်သည့်ကုန်စည်များ တင်သွင်းလျှင် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၆ကို အကောက်ခွန်ဦးစီးဌာနသို့တင်သွင်းရမည်။ အထူးကုန်စည်ခွန်ကျသင့်သည့်ကုန်စည်များထုတ်လုပ်တင်ပို့လျှင် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံပတခ(အထခ)-၈ ကိုမိမိအသင်း စည်းကြပ်မှုခံယူနေသည့်ရုံးသို့ သုံးလပတ် ကုန်ဆုံးပြီး နောက်တစ်လအတွင်း ပေးပို့ရမည်။ (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆)
- အထူးကုန်စည်ခွန်ကြေညာလွှာကို သုံးလတစ်ကြိမ်သာ တင်သွင်းရပြီး၊နှစ်ချုပ်ကြေညာ လွှာတင်သွင်းရန်မလိုအပ်ပါ။
သုံးလတစ်ကြိမ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
- ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်ကုန်စည်များ ထုတ်လုပ်၊ ရောင်းဝယ်ခြင်းဖြစ်လျှင် သုံးလတစ်ကြိမ် ကုန်ရောင်းကြေညာလွှာ ပုံစံ ပတခ(ကသခ-) ၅ ကိုလည်းကောင်း၊
- ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်လျှင် သုံးလတစ်ကြိမ် ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ(ကသခ)- ၆ကိုလည်းကောင်း၊
- သုံးလပတ်ကုန်ဆုံးပြီး နောက်တစ်လအတွင်း သက်ဆိုင်ရာမိမိသမဝါယမအသင်းစည်းကြပ်မှုခံယူနေသည့်ရုံး သို့ပေးပို့ရမည်။
နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
- နှစ်တစ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်ရောင်းရငွေ/ဝန်ဆောင်မှုရငွေ (ကျပ်သိန်း၅၀၀ကျော်လျှင်) ယင်းနှစ်အတွက်
- နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)-၁၁ ကိုလည်းကောင်း၊
- နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ(ကသခ)-၁၂ ကိုလည်းကောင်း၊
- သက်ဆိုင်ရာနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည်။
ဝင်ငွေခွန်ကြေညာလွှာ
- ဝင်ငွေကြေညာလွှာပုံစံ ပတခ(ဝင)-၁ ကို ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာအခွန်ဦးစီးရုံးသို့ ပေးပို့ရမည်။ အခြေပစ္စည်းရောင်းချခြင်းမှမြတ်စွန်းငွေ ရရှိခြင်းဖြစ်လျှင် ရောင်းချသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ယင်းအတွက်ကြေညာလွှာကို သီးသန့်တင်သွင်းရပါမည်။
- သမဝါယမနည်းဥပဒေ ၈၄ အရ နှစ်ချုပ်စာရင်းရေးဆွဲ၍ နည်းဥပဒေ ၈၂ အရ သမဝါယမဦးစီးဌာန စာရင်းစစ်ဖြင့် စစ်ဆေးပြီး စာရင်းစစ်အစီရင်ခံစာအရ မူလကြေညာလွှာနှင့် ကွဲလွဲလျှင်ပြင်ဆင်သည့် ဝင်ငွေကြေညာလွှာကို ပေးပို့ရပါမည်။
- အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS) ကျင့်သုံးသည့်ရုံးများတွင် စည်းကြပ် မှုခံယူလျက်ရှိသည့် ကုမ္ပဏီများအနေဖြင့် အဆိုပါအခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS)နည်းလမ်းအတိုင်း အသုံးပြုရမည့်(SAS Form)ပုံစံများကို အသုံးပြု ဆောင်ရွက်ရပါမည်။
၄။ အခွန်ပေးသွင်းခြင်း (Payment)
အထူးကုန်စည်ခွန်
- အထူးကုန်စည်ခွန်ကျသင့်သည့် အထူးကုန်စည်များ တင်သွင်းခြင်းဖြစ်ပါက ကုန်စည် ကိုရွေးယူခြင်းမပြုမီပေးဆောင်ရမည်။ (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၈(က) (၁))၊
- အထူးကုန်စည်ခွန် ကျသင့်သည့် အထူးကုန်စည်များ ထုတ်လုပ်လျှင် ကျသင့်သည့် အထူးကုန်စည်ခွန်ကို ရောင်းချသည့်လကုန်ဆုံးပြီး (၁၀)ရက်အတွင်း ပေးဆောင်ရ ပါမည်။(အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၈)(က)(၂)(ကက)
- အထူးကုန်စည်ခွန် တင်ပို့လျှင် ကျသင့်သည့်အထူးကုန်စည်ခွန်ကို တင်ပို့သည့်လ၏ လကုန် ဆုံးပြီး(၁၀)ရက်အတွင်းပေးဆောင်ရပါမည်။(အထူးကုန်စည်ခွန်ဥပဒေပုဒ်မ၈)(က)(၃)
လစဉ်ကုန်သွယ်လုပ်ငန်းခွန်
- လစဉ်ရောင်းရငွေ/ ဝန်ဆောင်မှုရငွေအပေါ် ကျသင့် သည့် ကုန်သွယ်လုပ်ငန်းခွန်ကို သက်ဆိုင်ရာလကုန်ဆုံးပြီး(၁၀)ရက်အတွင်း ပေးဆောင် ရပါမည်။
ကြိုတင်ဝင်ငွေခွန်
- သက်ဆိုင်ရာဝင်ငွေနှစ်အတွင်း မိမိရရှိသည့် စုစုပေါင်းဝင်ငွေကိုခန့်မှန်းတွက်ချက်၍ ယင်းအပေါ်ကျသင့်မည့်ဝင်ငွေခွန်ကို သုံးလတစ်ကြိမ် ကြိုတင်ပေးဆောင်ရမည်။ ပတခ(ဝင)-၁၈ ပုံစံချလန်ဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။
အပြီးသတ်စည်းကြပ်မှုအရပေးဆောင်ခြင်း
- ဝင်ငွေနှစ်ကုန်ဆုံး၍ နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပတခ(ကသခ)-၁၁၊ နှစ်ချုပ် ဝန်ဆောင်မှုကြေညာလွှာပတခ(ကသခ)-၁၂ နှင့် ဝင်ငွေကြေညာလွှာပတခ(ဝင)-၁ များ တင်သွင်းပြီး ယင်းကြေညာလွှာများအရ ထပ်မံပေးဆောင်ရမည့်အခွန်ကို တစ်ပါတည်း ပေးဆောင်ရပါမည်။
သက်သာခွင့် (Relief)
- အခြေခံသက်သာခွင့် (စုစုပေါင်းဝင်ငွေ၏ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀ ထက် မပိုစေရ) (ဝင်ငွေခွန်ဥပဒေ ပုဒ်မ၆)
ကင်းလွတ်ခွင့် ( Exemption )
- အထူးကုန်စည် ၅ မျိုးမှအပ ကျန်အထူးကုန်စည်များ ပြည်ပတင်ပို့လျှင် အထူးကုန်စည် ခွန် မကျသင့်ပါ။
- အထူးကုန်စည်ခွန်ကျသင့်သည့် ဆေးရွက်ကြီး၊ဆေးပေါ့လိပ်နှင့်ဆေးပြင်းလိပ် ထုတ်လုပ် ရောင်းချခြင်းအတွက် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းရငွေ စုစုပေါင်း ကျပ်သိန်း၂၀၀တိတိထက် မပိုလျှင် အထူးကုန်စည်ခွန် မကျသင့်ပါ။(၂၀၂၄ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၂)
- ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်များ ထုတ်လုပ်ရောင်းရငွေ၊ ကုန်သွယ်မှု ရငွေနှင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် ဝန်ဆောင်မှုရငွေသည် တစ်နှစ်အတွင်း စုစုပေါင်းကျပ်သိန်း(၅၀၀) မကျော်လျှင် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။ ( ၂၀၂၄ ခုနှစ်ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ (၁၅)) စုစုပေါင်းဝင်ငွေသည် ကျပ်သိန်း(၅၀၀) ကျော်လွန်မှသာ ထိုဝင်ငွေအားလုံးအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည် ဖြစ်ပါသည်။
- ၂၀၂၄ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(က)ပါ ကုန်စည် ၈၆ မျိုးကို ထုတ်လုပ်၊ တင်သွင်း၊ ရောင်းဝယ်လျှင် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။
- ၂၀၂၄ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ဃ)ပါ ဝန်ဆောင်မှု ၃၀ မျိုး ကို လုပ်ကိုင်ဆောင်ရွက်လျှင် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။
- လျှပ်စစ်ဓါတ်အားနှင့် ရေနံစိမ်းမှအပ အခြားကုန်စည်များ ပြည်ပတင်ပို့ရောင်းချလျှင် ကုန်သွယ်လုပ်ငန်းခွန် သုညရာခိုင်နှုန်းသာကျသင့်၍ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများနှင့်အညီ အခွန်ခုနှိမ်ခွင့်ရရှိ၍ အခွန်ပြန်အမ်းငွေ တောင်းခံနိုင်ပါသည်။(၂၀၂၄ခုနှစ် ပြည်ထောင်စု ၏အခွန်အကောက်ဥပဒေပုဒ်မ ၁၇)
- အသစ်ထူထောင်သော စက်မှုလက်မှုကို အခြေခံသည့်အသေးစား၊အလတ်စား လုပ်ငန်းများ အတွက် လုပ်ငန်းစတင်သောနှစ်အပါအဝင် တစ်ဆက်တည်း သုံးနှစ်ကာလ အတွင်း တစ်နှစ်စုစုပေါင်း အသားတင်အမြတ်ဝင်ငွေ ကျပ်သိန်း ၁၀၀ ထိ ဝင်ငွေခွန် ကင်းလွတ်ပါသည်။ ဖော်ပြပါ ဝင်ငွေထက်ပိုမိုရရှိပါက ပိုမိုရရှိသည့် ဝင်ငွေအပေါ်တွင်သာ ဝင်ငွေခွန် ကျသင့်ပါမည်။
ပြန်အမ်းငွေတောင်းပိုင်ခွင့် ( Refund )
- နှစ်အတွင်းပေးဆောင်ခဲ့သောအခွန်သည် ဥပဒေအရ အမှန်ပေးဆောင်ရမည့် အခွန်ထက် ပိုနေလျှင် အထောက်အထားပြသ၍ ပြန်အမ်းငွေ လျှောက်ထားနိုင်သည်။ (သို့မဟုတ်) ပေးဆောင်ရမည့်အခွန်တွင် ခုနှိမ်ပေးရန် (သို့မဟုတ်) ဝင်ငွေနှစ်အတွင်းပေးသွင်းသည့် ကြိုတင်ခွန်အဖြစ် သတ်မှတ်ပေးရန် တင်ပြနိုင်သည်။
အယူခံနိုင်ခွင့် ( Appeal )
- အသင်းနှင့်သက်ဆိုင်သည့် မည်သည့်အမိန့်ကိုမဆို မကျေနပ်လျှင် သက်ဆိုင်ရာအခွန် ဥပဒေများနှင့်အညီ အယူခံဝင်ခွင့်ရှိပါသည်။သက်ဆိုင်ရာအခွန်စည်းမျဥ်းပါပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။
စီးပွားရေးလုပ်ငန်း
အထူးကုန်စည်ခွန်
- အထူးကုန်စည်များ ပြည်တွင်းသို့ တင်သွင်းပါက အောက်ပါအတိုင်း အထူးကုန်စည်ခွန် ကျသင့်ပါသည်။

- အထူးကုန်စည်ကိုပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနက ဖော်ပြသော ရောင်းစျေးတန်ဖိုးနှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက ခန့်မှန်းသတ်မှတ်သည့် ရောင်းစျေးတန်ဖိုး၊ ယင်းတန်ဖိုးနှစ်ရပ်အနက် များရာတန်ဖိုးအပေါ်တွင် အထူးကုန်စည်ခွန် ကျသင့်ပါမည်။
- အထူးကုန်စည်များပြည်ပသို့ တင်ပို့ခြင်းဖြစ်ပါက အောက်ပါအတိုင်း ကျသင့်ပါမည်။

ကုန်သွယ်လုပ်ငန်းခွန်
- ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကျသင့်ပါမည်။ အထူးကုန်စည်များ ဖြစ်ပါက အထူးကုန်စည်ခွန် အပါအဝင်ဖြစ်သော ရောင်းရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည် ဖြစ်ပါသည်။
- အဆောက်အအုံများ ဆောက်လုပ် ရောင်းချခြင်းမှ ရောင်းရငွေများအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်း ကျသင့်ပါမည်။ ရွှေထည်လက်ဝတ်ရတနာများရောင်းချရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၁ ရာခိုင်နှုန်း ကျသင့်ပါမည်။
ဝင်ငွေခွန်
- ကုမ္ပဏီ၏ ဝင်ငွေကို တွက်ချက်ရာတွင် ကုန်သွယ်လုပ်ငန်းခွန်မပါသည့် ရောင်းရငွေ၊ ရငွေမှ ကုန်ဝယ်တန်ဖိုး၊ ယင်းဝင်ငွေရရှိရန် ကုန်ကျစရိတ်များနှင့် ပစ္စည်းတန်ဖိုးလျော့ငွေ ကို နုတ်ပေးပါသည်။ ဝင်ငွေမှ ကုန်ကျစရိတ် နုတ်ပယ်ပြီး အသားတင်အမြတ်ငွေအပေါ် ၂၅ % နှုန်းဖြင့် အခွန်ကျသင့်ပါသည်။
- ကုမ္ပဏီပိုင် အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေရရှိလျှင် ထိုသို့မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ် ဝင်ငွေခွန် ၁၀% ကျသင့်ပါသည်။ နိုင်ငံခြား ကုမ္ပဏီဖြစ်ပါက ၁၀% ဝင်ငွေခွန်ကို ရရှိသည့် နိုင်ငံခြားငွေဖြင့် ပေးဆောင်ရပါမည်။(ကျသင့်မည့်အခွန်ကို Tax Calculator link တွင် ဝင်ရောက်တွက်ချက် ခန့်မှန်းနိုင်ပါသည်။)
- မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပါဝင်လုပ်ကိုင်သည့် ကုမ္ပဏီများ အနေ ဖြင့် ကုမ္ပဏီပိုင် အခြေပစ္စည်းများ ရောင်းချ၍ ပေါ်ပေါက်သည့် မြတ်စွန်းငွေနှင့် စပ်လျဉ်း၍ အောက်ပါနှုန်းအတိုင်း ရရှိသည့်ငွေကြေးအမျိုးအစားဖြင့်ဝင်ငွေခွန် ပေးဆောင်ရပါမည်။
စဉ် | မြတ်စွန်းငွေ | ပေးဆောင်ရမည့် ၀င်ငွေခွန်နှုန်း |
---|---|---|
(၁) | ညီမျှ ကျပ်သန်းပေါင်း(၁၀၀,၀၀၀) အထိ | ၄၀ ရာခိုင်နှုန်း |
(၂) | ညီမျှ ကျပ်သန်းပေါင်း (၁၀၀,၀၀၁) မှ (၁၅၀,၀၀၀) အထိ | ၄၅ ရာခိုင်နှုန်း |
(၃) | ညီမျှ ကျပ်သန်းပေါင်း (၁၅၀,၀၀၁) နှင့်အထက် | ၅၀ ရာခိုင်နှုန်း |
တံဆိပ်ခေါင်းခွန်
- ကုမ္ပဏီအနေဖြင့် မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရေယာဉ်စသည့် အခြေပစ္စည်းများ ဌာရမ်းခြင်း သို့မဟုတ် ဌားယူခြင်းပြုသဖြင့် ပစ္စည်းဌားရမ်းစာချုပ် ချုပ်ဆိုလျှင် အောက်ပါအတိုင်း တံဆိပ်ခေါင်းခွန် ကပ်နှိပ်ထမ်းဆောင် ရပါမည်။ (မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ဇယား ၁ အမှတ်စဉ် ၃၅)
- ငှားရမ်းကာလ ၁ နှစ်ထက်မပိုလျှင် (ငှားရမ်းခရငွေ၏ ၀.၅ ရာခိုင်နှုန်း)
- ငှားရမ်းကာလ ၃ နှစ်ထက်မပိုလျှင် (ပျမ်းမျှငှားရမ်းခရငွေ၏ ၀.၅ ရာခိုင်နှုန်း)
- ငှားရမ်းကာလ ၃ နှစ်ထက်ပိုလျှင် (ပျမ်းမျှငှားရမ်းခရငွေ၏ ၂ ရာခိုင်နှုန်း)
- နှစ်ရှည်ငှားရမ်းခြင်းဖြစ်လျှင် (ပထမ ၁၀ နှစ်အတွက် ပေးရမည့်ငွေ၏ နှစ်စဉ် ပျမ်းမျှရငွေ အပေါ် ၂ ရာခိုင်နှုန်း)
- အငှားစာချုပ်မှာ ထာဝစဉ်ဖြစ်သည့်သဘော သက်ရောက်လျှင် (ပထမ နှစ် ၅၀ အတွက် ပေးရမည့် ငှားရမ်းခငွေ ၏ ၅ ပုံ တစ်ပုံ အပေါ် ၂ ရာခိုင်နှုန်း)
- တံဆိပ်ခေါင်းခွန်ကို ငှားယူသူကပေးဆောင် ရပါမည်။