၁။ ကိုယ်ပိုင်လုပ်ငန်း (Definition)
အဖွဲ့အစည်းအသင်းအဖွဲ့၊ကုမ္ပဏီအနေဖြင့်မဟုတ်ဘဲမိမိကိုယ်တိုင်လုပ်ကိုင်သည့် အောက်ပါလုပ်ငန်းများစ>
- အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း
- ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း
၂။ ဝင်ငွေနှင့်တာဝန် (Income & Obligation)
- အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေရလျှင် (ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်)
- ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမှ ဝင်ငွေရလျှင် (အထူးကုန်စည်ခွန်၊ကုန်သွယ်လုပ်ငန်းခွန်နှင့်ဝင်ငွေခွန်) အသီးသီးပေးဆောင်ရပါမည်။
၃။ အခွန်ထမ်းမှတ်ပုံတင်ခြင်းနှင့် ကြေညာလွှာတင်သွင်းခြင်း (Registering & Filing)
အခွန်ထမ်းမှတ်ပုံတင်ခြင်း (Registration)
- လုပ်ငန်းစတင်လုပ်ကိုင်လျှင် လုပ်ငန်းစတင်ကြောင်းအကြောင်းကြားစာပုံစံ ပတခ (ကသခ)-၃ဖြင့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ အကြောင်းကြား ရမည်။
- ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်လုပ်ငန်းဖြစ်လျှင် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးတွင် ပုံစံပတခ(ကသခ)-၂ ဖြင့် မှတ်ပုံတင်ခွင့်ပြုပါရန် လျှောက်လွှာ တင်သွင်းရပါမည်။ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးရုံးက မှတ်ပုံတင်ခွင့်ပြုကြောင်း လုပ်ငန်းရှင်မှတ်ပုံတင်ပုံစံ ပတခ(ကသခ)-၂ ကိုထုတ်ပေးပါမည်။
- အထူးကုန်စည်ခွန် ထုတ်လုပ်၊တင်ပို့လျှင် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးထံ အထူးကုန်စည်ခွန် မှတ်ပုံတင်ရန် လျှောက်လွှာပုံစံ ပတခ(အထခ)-၁ကို နှစ်စဉ် တင်သွင်းရပါမည်။ ဆိုင်ရာအခွန်ရုံးက မှတ်ပုံတင်ခွင့်ပြုကြောင်းပုံစံ(အထခ)-၂ကို ထုတ်ပေးမည်ဖြစ်ပါသည်။(အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၅)
ကြေညာလွှာတင်သွင်းခြင်း (Filing)
အထူးကုန်စည်ခွန်ကြေညာလွှာ
- အထူးကုန်စည်ခွန် ကျသင့်သည့်ကုန်စည်များ တင်သွင်းသူသည် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၆ကို အကောက်ခွန်ဦးစီးဌာနသို့ တင်သွင်းရမည်။ အထူးကုန်စည်ခွန်ကျသင့်သည့်ကုန်စည်များ ထုတ်လုပ်တင်ပို့သူသည် အထူးကုန်စည်ခွန်ကြေညာလွှာပုံစံပတခ(အထခ)-၈ကို သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ သုံးလပတ်ကုန်ဆုံးပြီးနောက် တစ်လအတွင်း ပေးပို့ရမည်။(အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၆)
- အထူးကုန်စည်ခွန်ကြေညာလွှာကို သုံးလတစ်ကြိမ်သာ တင်သွင်းရပြီး၊ နှစ်ချုပ် ကြေညာလွှာတင်သွင်းရန်မလိုအပ်ပါ။
သုံးလတစ်ကြိမ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
- ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်များထုတ်လုပ်၊ ရောင်းဝယ်ခြင်း ဖြစ်လျှင် သုံးလတစ်ကြိမ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)- ၅ ကို လည်းကောင်း၊
- ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်လျှင် သုံးလတစ်ကြိမ် ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ(ကသခ)- ၆ ကိုလည်းကောင်း၊သုံးလပတ်ကုန်ဆုံးပြီးနောက် တစ်လအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။
နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
- နှစ်တစ်နှစ်အတွင်းကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့်ရောင်းရငွေ/ဝန်ဆောင်မှုရငွေ(ကျပ်သိန်း၅၀၀ကျော်လျှင်) ယင်းနှစ်အတွက်
- နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)-၁၁ ကိုလည်းကောင်း၊
- နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ(ကသခ-)၁၂ ကိုလည်းကောင်း၊
- သက်ဆိုင်ရာနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးထံ ပေးပို့ရမည်။
ဝင်ငွေခွန်ကြေညာလွှာ
- ဝင်ငွေကြေညာလွှာ ပုံစံပတခ(ဝင)-၁ကို ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးရုံးသို့ ပေးပို့ရမည်။
- အခွန်စည်းကြပ်ခြင်းမပြုမီ မှားယွင်းချက်ရှိ၍ ပြင်ဆင်လိုလျှင် ပြင်ဆင်သည့် ဝင်ငွေကြေညာလွှာကို ပေးပို့နိုင်ပါသည်။
၄။ အခွန်ပေးသွင်းခြင်း (Payment)
အထူးကုန်စည်ခွန်
- အထူးကုန်စည်များတင်သွင်းလျှင်(ကုန်စည်ကို ရွေးယူခြင်းမပြုမီ)
- အထူးကုန်စည်များထုတ်လုပ်လျှင်(ရောင်းချသည့်လကုန်ဆုံးပြီး(၁၀)ရက်အတွင်း)
- အထူးကုန်စည်ခွန်တင်ပို့လျှင်(တင်ပို့သည့်လ၏လကုန်ဆုံးပြီး(၁၀)ရက်အတွင်း) ပေးဆောင်ရပါမည်။ (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၈)
လစဉ်ကုန်သွယ်လုပ်ငန်းခွန်
- ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်လုပ်ငန်းဖြစ်လျှင်(သက်ဆိုင်ရာလကုန်ဆုံး ပြီး(၁၀)ရက်အတွင်း) လစဉ် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရပါမည်။
ကြိုတင်ဝင်ငွေခွန်
- သုံးလတစ်ကြိမ် ကြိုတင်ဝင်ငွေခွန်ပေးဆောင်ရမည်။ ပတခ(ဝင)-၁၈ ပုံစံ ချလန် ဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။
အပြီးသတ်စည်းကြပ်မှု့အရပေးဆောင်ခြင်း
- အပြီးသတ်စည်းကြပ်မှုအရ ပေးပို့လာသည့် ကုန်သွယ်လုပ်ငန်းခွန်အခွန် တောင်းခံလွှာ ပတခ(ကသခ)-၁၇၊ ဝင်ငွေခွန်တောင်းခံလွှာပတခ(ဝင)-၈ အရ ထပ်မံပေးဆောင်ရမည့်အခွန်များကို အခွန်တောင်းခံလွှာပါ သတ်မှတ်နေ့ရက် အတွင်း ပေးဆောင်ရပါမည်။
သက်သာခွင့် (Relief)
- ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားတို့၏ ဝင်ငွေအပေါ် အောက်ပါ သက်သာခွင့်များရရှိမည်ဖြစ်ပါသည်။(ဝင်ငွေခွန်ဥပဒေပုဒ်မ၆)
- အခြေခံသက်သာခွင့်(စုစုပေါင်းဝင်ငွေ၏ ၂၀ ရာခိုင်နှုန်း၊ကျပ်သိန်း ၁၀၀ ထက် မပိုစေရ)
- အတူနေမိဘအတွက်သက်သာခွင့်(တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ)
- အိမ်ထောင်ဖက်တစ်ဦးအတွက်သာလျှင်သက်သာခွင့်(ကျပ် ၁၀ သိန်း)
- သားသမီးအတွက်သက်သာခွင့်(တစ်ဦးလျှင် ကျပ် ၅ သိန်းစီ)
- သက်အာမခံအတွက်ပေးရသည့်ပရီမီယံ(အခွန်ထမ်းနှင့်အိမ်ထောင်ဖက်အတွက်)
- လူမှုရေးရန်ပုံငွေသို့ထည့်ဝင်ငွေ(အခွန်ထမ်းအတွက်သာ)
- ပြည်ပနေနိုင်ငံခြားသားဖြစ်ပါက သက်သာခွင့်မရရှိပါ။(၂၀၂၄ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေပုဒ်မ (၂၂))
ကင်းလွတ်ခွင့် ( Exemption )
- ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးဝန်ဆောင်မှု၊ ယဉ်ကျေးမှုအနုပညာဝန်ဆောင်မှု လုပ်ငန်းများနှင့်အကျုံးဝင်သည့် ဆရာဝန်၊ သူနာပြု၊ ကျောင်းဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ သဘင်ပညာသည်၊ တေးရေး၊ အဆိုတော်၊ ပန်းချီဆရာ၊ ပန်းပုဆရာများ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။(၂၀၂၄ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၁၄(ဃ ))
ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူများအနေဖြင့်
- အထူးကုန်စည် ၅ မျိုးမှအပ ကျန်အထူးကုန်စည်များပြည်ပတင်ပို့လျှင် အထူးကုန်စည်ခွန်မကျသင့်ပါ။
- အထူးကုန်စည်ခွန်ကျသင့်သည့်ဆေးရွက်ကြီး၊ဆေးပေါ့လိပ်နှင့်ဆေးပြင်းလိပ် ထုတ်လုပ်ရောင်းချခြင်းအတွက် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ထုတ်လုပ် ရောင်းရငွေစုစုပေါင်း ကျပ်သိန်း ၂၀၀ တိတိ ထက်မပိုလျှင် အထူးကုန် စည်ခွန်မကျသင့်ပါ။(၂၀၂၄ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၂)
- ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်များ ထုတ်လုပ်ရောင်းရငွေ၊ ကုန်သွယ်မှုရငွေနှင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုရငွေသည် တစ်နှစ်အတွင်း စုစုပေါင်းကျပ်သိန်း(၅၀၀) မကျော်လျှင် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။ (၂၀၂၄ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ(၁၅) စုစုပေါင်းဝင်ငွေသည် တစ်နှစ်အတွင်း ကျပ်သိန်း(၅၀၀)ကျော်လွန်မှသာ ထိုဝင်ငွေအားလုံးအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။
- ၂၀၂၄ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ၁၄(က) ပါ ကုန်စည် ၈၆ မျိုးကို ထုတ်လုပ်၊ တင်သွင်း၊ ရောင်းဝယ်လျှင် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။
- ၂၀၂၄ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ၁၄(ဃ) ပါ ဝန်ဆောင်မှု ၃၀ မျိုးကို လုပ်ကိုင်ဆောင်ရွက်လျှင် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။
- လျှပ်စစ်ဓါတ်အားနှင့်ရေနံစိမ်းမှအပ အခြားကုန်စည်များ ပြည်ပတင်ပို့ ရောင်းချလျှင် ကုန်သွယ်လုပ်ငန်းခွန် သုညရာခိုင်နှုန်းသာ ကျသင့်ပါမည်။ (၂၀၂၄ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၇)
- အသစ်ထူထောင်သော စက်မှုလက်မှုကို အခြေခံသည့် အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် လုပ်ငန်းစတင်သောနှစ်အပါအဝင် တစ်ဆက်တည်း သုံးနှစ်ကာလအတွင်း တစ်နှစ်စုစုပေါင်း အသားတင်အမြတ် ဝင်ငွေ ကျပ်သိန်း ၁၀၀ ထိ ဝင်ငွေခွန်ကင်းလွတ်ပါသည်။ ဖော်ပြပါ ဝင်ငွေထက်ပိုမိုရရှိပါက ပိုမိုရရှိသည့် ဝင်ငွေအပေါ်တွင်သာ ဝင်ငွေခွန် ကျသင့်ပါမည်။
ပြန်အမ်းငွေတောင်းပိုင်ခွင့် ( Refund )
- နှစ်အတွင်းပေးဆောင်ခဲ့သောအခွန်သည် ဥပဒေအရ အမှန်ပေးဆောင်ရမည့် အခွန်ထက် ပိုနေလျှင် အထောက်အထားပြသ၍ ပြန်အမ်းငွေ လျှောက်ထားနိုင်သည်။ (သို့မဟုတ်) ပေးဆောင်ရမည့်အခွန်တွင် ခုနှိမ်ပေးရန် (သို့မဟုတ်) ဝင်ငွေနှစ်အတွင်းပေးသွင်းသည့် ကြိုတင်ခွန်အဖြစ် သတ်မှတ်ပေးရန် တင်ပြနိုင်သည်။
အယူခံနိုင်ခွင့် ( Appeal )
- မိမိနှင့်သက်ဆိုင်သည့် မည်သည့်အမိန့်ကိုမဆို မကျေနပ်လျှင် သက်ဆိုင်ရာအခွန်ဥပဒေများ နှင့်အညီ အယူခံဝင်ခွင့်ရှိပါသည်။
အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း
ကုန်သွယ်လုပ်ငန်းခွန်
- ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုအနုပညာဝန်ဆောင်မှုများမှအပ အခြား အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း( ဥပမာ- အခွန်ဆိုင်ရာ/ စာရင်းဆိုင်ရာ/ ဥပဒေဆိုင်ရာ/ ဆောက်လုပ်ရေးဆိုင်ရာအကြံပေးဆောင်ရွက်ခရငွေ) မှ ဝင်ငွေ ရရှိသူများအနေဖြင့်ကုန်သွယ်လုပ်ငန်းခွန်၅ရာခိုင်နှုန်းပေးဆောင်ရပါမည်။ (၂၀၂၄ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄(င))
ဝင်ငွေခွန်
- အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေအပေါ် ထိုဝင်ငွေရရှိရန် ကုန်ကျ သည့်စရိတ်များနှင့် စည်းမျဉ်းများအရပြဌာန်းထားသည့် ပစ္စည်းတန်ဖိုးလျော့ နှင့် ဝင်ငွေခွန်ဥပဒေပုဒ်မ၆အရ သက်သက်ခွင့်များကိုနုတ်ပြီး၊ ကျန်ဝင်ငွေ အပေါ်အောက်ပါဝင်ငွေအလွှာလိုက် နှုန်းထားအတိုင်း ဝင်ငွေခွန် ကျသင့်ပါမည်။
စဉ် | စည်းကြပ်ရန် ဝင်ငွေအလွှာ (ကျပ်) | စည်းကြပ်ရန် ဝင်ငွေနှုန်း | |
---|---|---|---|
မှ | ထိ | ||
(၁) | ၁ | ၂၀၀၀၀၀၀ | ၀ ရာခိုင်နှုန်း |
(၂) | ၂၀၀၀၀၀၁ | ၅၀၀၀၀၀၀ | ၅ ရာခိုင်နှုန်း |
(၃) | ၅၀၀၀၀၀၁ | ၁၀၀၀၀၀၀၀ | ၁၀ ရာခိုင်နှုန်း |
(၄) | ၁၀၀၀၀၀၁ | ၂၀၀၀၀၀၀၀ | ၁၅ ရာခိုင်နှုန်း |
(၅) | ၂၀၀၀၀၀၁ | ၃၀၀၀၀၀၀၀ | ၂၀ ရာခိုင်နှုန်း |
(၆) | ၃၀၀၀၀၀၁ နှင့်အထက် | ၂၅ ရာခိုင်နှုန်း |
(မိမိလစဉ်ကျသင့်မည့် လစာဝင်ငွေခွန်ကို Tax Calculator link တွင် ဝင်ရောက်တွက်ချက် ခန့်မှန်းနိုင်ပါသည်။)
စီးပွားရေးလုပ်ငန်း
အထူးကုန်စည်ခွန်
- အထူးကုန်စည်များ ပြည်တွင်းသို့ တင်သွင်းပါက အောက်ပါအတိုင်း အထူးကုန်စည်ခွန် ကျသင့်ပါသည်။

- အထူးကုန်စည်ကိုပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနက ဖော်ပြသော ရောင်းစျေးတန်ဖိုးနှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက ခန့်မှန်းသတ်မှတ်သည့် ရောင်းစျေးတန်ဖိုး၊ ယင်းတန်ဖိုးနှစ်ရပ်အနက် များရာတန်ဖိုးအပေါ်တွင် အထူးကုန်စည်ခွန် ကျသင့်ပါမည်။
- အထူးကုန်စည်များပြည်ပသို့ တင်ပို့ခြင်းဖြစ်ပါက အောက်ပါအတိုင်း ကျသင့်ပါမည်။

ကုန်သွယ်လုပ်ငန်းခွန်
- ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကျသင့်ပါမည်။ အထူးကုန်စည်များ ဖြစ်ပါက အထူးကုန်စည်ခွန် အပါအဝင်ဖြစ်သော ရောင်းရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည် ဖြစ်ပါသည်။
- အဆောက်အအုံများ ဆောက်လုပ် ရောင်းချခြင်းမှ ရောင်းရငွေများအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်း ကျသင့်ပါမည်။ ရွှေထည်လက်ဝတ်ရတနာများရောင်းချရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၁ ရာခိုင်နှုန်း ကျသင့်ပါမည်။
ဝင်ငွေခွန်
- ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမှ ရရှိသောဝင်ငွေကို တွက်ချက်ရာတွင် ယင်းဝင်ငွေ ရရှိရန် ကုန်ကျစရိတ်များနှင့် ပစ္စည်းတန်ဖိုးလျော့ငွေကို နုတ်ပေးပါသည်။ ဝင်ငွေမှ ကုန်ကျစရိတ်နုတ်ပယ်ပြီး အသားတင်အမြတ်ငွေအပေါ် သက်သာခွင့်များ ခွင့်ပြုပြီး ကျန်ငွေကိုသာ သတ်မှတ်အခွန်နှုန်းဖြင့် အခွန်တွက်ချက်ပါသည်။
- (မိမိကျသင့်မည့်အခွန်ကို Tax Calculator link တွင်ဝင်ရောက်တွက်ချက် ခန့်မှန်းနိုင်ပါသည်။)
အခြေပြပစ္စည်းမြတ်စွန်းငွေ
- Coming Soon...
စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေ
- Coming Soon...