ပြည်တွင်း၌အရက်ဝယ်ယူ၍ ပြန်လည်ရောင်းချခြင်းသည် အထူးကုန်စည်ခွန်မကျ သင့်ပါ။ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါသည်။ အထူးကုန်စည်ခွန် ကျသင့်စေသည့် ဆောင်ရွက်မှုများမှာ အထူးကုန်စည်ကို ပြည်တွင်းသို့ တင်သွင်း ခြင်းဖြစ်ပါက တင်သွင်းသူ မှ အထူးကုန်စည်ခွန်ပေးဆောင်ရပါမည်။ ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက ထုတ်လုပ်သူ၊ ပြည်ပသို့တင်ပို့ခြင်း ဖြစ်ပါက တင်ပို့သူ၊ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ခွန် ကို လက်ဝယ်ထားရှိခြင်းဖြစ်ပါက လက်ဝယ်ထားရှိသူမှ အထူးကုန်စည်ခွန် ပေးဆောင်ရန် တာဝန်ရှိမည်ဖြစ်ပါသည်။