November 2020

Tax Calendar

Upcoming Due Dates

11 Jan
30 Apr
03 Jan
12 Apr
03 Jan

လစဉ်အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ပေးသွင်းရမည့်နောက်ဆုံးရက်ဖြစ်ပါသည်။

သုံးလပတ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရမည့် နောက်ဆုံးရက်ဖြစ်ပါသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှအပ ကျန်အခွန်ထမ်းများအတွက် နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာနှင့် ဝင်ငွေကြေညာလွှာတို့ကို တင်သွင်းရမည့် နောက်ဆုံးရက်ဖြစ်ပါသည်

သုံးလတစ်ကြိမ်ဝင်ငွေခွန်ပေးသွင်းခြင်း၊ သုံးလပတ်အထူးကုန်စည်ခွန်ကြေညာလွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည့်နောက်ဆုံးရက်ဖြစ်ပါသည်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအတွက် နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာနှင့် ဝင်ငွေကြေညာလွှာတို့ကို တင်သွင်းရမည့် နောက်ဆုံးရက်ဖြစ်ပါသည်

ညွှန်ကြားရေးမှူးချုပ်၏ နှုတ်ခွန်းဆက်လွှာ

ပြည်တွင်းအခွန်များဦးစီးဌာန၏ ၄၈ နှစ်မြောက် နှစ်ပတ်လည်နေ့အခါသမယတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သောအခွန်ငွေများကို ပြဋ္ဌာန်းထားသည့် အခွန်ဥပဒေများနှင့်အညီ လိုက်နာပေးဆောင်ကြပါသော အခွန်ထမ်းပြည်သူများကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ယခုအချိန်တွင် ဖြစ်ပွားလျက်ရှိ​သော COVID-19 ရောဂါကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံတော်က အခွန်ဆိုင်ရာဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ အခွန်ထမ်းပြည်သူအပေါင်း ကမ္ဘာ့ကပ် ရောဂါဘေးဆိုးကြီးမှ လွတ်ကင်းကြပါစေကြောင်းနှင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာဆက်လက်ရပ်တည်နိုင်ကြပါစေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းများ၏ကိုယ်စား ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန

Forms & Publications

အခွန်ထမ်းပြည်သူများအနေဖြင့် -
- အခွန်ထမ်းမှတ်ပုံတင်ရန်၊ ကြေညာလွှာတင်သွင်းရန် လိုအပ်သည့်ပုံစံများနှင့် အခွန်ထမ်းပြည်သူများသိရှိစေရန် ထုတ်ဝေထားသည့် အခွန်နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များအား Forms and Publications Link တွင် ဝင်ရောက်ကြည့်ရှု့နိုင် ပါသည်။

- ကြေညာလွှာတင်သွင်းရန်ပုံစံများ (Fillable PDF ပုံစံများ) ကို eMail ဖြင့်ကြေညာလွှာတင်သွင်းရန်ပုံစံများ (Fillable PDF Form) တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

Asked Questions

အခွန်ထမ်းပြည်သူများအနေဖြင့် -
- အခွန်ထမ်းပြည်သူများမှ  ပြည်တွင်းအခွန်များဦးစီးဌာနသို့ မေးမြန်းထားသည့် အခွန်နှင့် ပတ်သက်သည့် အမေးအဖြေများကို  သိရှိလိုပါက Asked Question Link တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။
- အခွန်နှင့် ပတ်သက်သည့် ထပ်မံသိရှိလိုသည့် အကြောင်းအရာများရှိပါက ပြည်တွင်းအခွန်များဦးစီးဌာန ရုံးချုပ်၊ ဖုန်း ၀၆၇-၄၃၀၅၃၃၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ်-၀၆၇-၃၄၃၀၅၃၃ ၊ ၀၆၇-၃၄၃၀၅၂၂၊ e-mail add – irdmedia2018@gmail.com၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(ရန်ကုန်)၊ အမှတ်-၅၉/၆၁ ၊မြေညီထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ဖုန်း ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂ နှင့် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(မန္တလေး)၊ ၆၅လမ်း၊ ၂၂x ၂၃လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ ဖုန်း၀၂-၄၀၃၀၁၉၂ သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့် စနစ်နှင့်စပ်လျဉ်းသည့်ဆွေးနွေးချက်များ

အခွန်ထမ်းပြည်သူများအနေဖြင့်-
- အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်နှင့် စပ်လျဉ်းသည့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၂) မှ ရှင်းလင်းဆွေးနွေးချက်များကို အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်နှင့် စပ်လျဉ်းသည့် ဆွေးနွေးချက်များ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

နောက်ဆုံးရသတင်းများ

Taxation Awareness & More Information