ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
နေပြည်တော်၊
ဇူလိုင် ၃
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊
ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်အရာရှိ လုပ်ငန်းကျွမ်း ကျင်မှုသင်တန်းအမှတ်စဉ် (၁)
သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်
နေပြည် တော်ရှိ
ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ ကျင်းပရာ အခမ်းအနားသို့
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊
တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ
တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က သင်တန်းသား/
သင်တန်းသူများ အနေဖြင့် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်စည်းမျဉ်းများ၊
လုပ်ထုံးလုပ်နည်းများ၊ သိရှိလိုက်နာ ကျင့်သုံးရမည့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေ၊
နည်းဥပဒေများ၊ ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲ နေတဲ့
အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုအခြေအနေများ၊ စာရင်းကိုင်ပညာ၊ အခွန်ဆိုင်ရာစာရင်း စစ်ဆေးခြင်း၊
TRMS
စနစ်အခြေခံပြီး အခွန်စီမံခန့်ခွဲမှုနည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊
ဘဏ္ဍာရေး နှင့်ငွေကြေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ သတင်းစာရင်းစုဆောင်းခြင်းဆိုင်ရာ
လုပ်ဆောင်သင့် သည်များ၊ မိမိတို့ဌာနနှင့် လုပ်ငန်းဆက်စပ်လျက်ရှိသော ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ
သိသင့်သိထိုက်သည်များ၊ ပင်စင်အမှုတွဲအမျိုးမျိုး တည်ဆောက်ပုံဆိုင်ရာကိစ္စရပ်များ၊
အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်
လက်တွေ့လုပ်ငန်းတွင် တွေ့ကြုံရမည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်မည့်
နည်းလမ်းများကို လက်တွေ့နှင့် စာတွေ့ပေါင်းစပ်ပြီး သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ပါသည်။
ယနေ့ခေတ်ကာလသည် နည်းပညာများ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ
ဦးစီးဌာနအနေဖြင့်လည်း Digital Taxation စနစ်များဖြင့် ပြည်သူများ လွယ်ကူ လျင်မြန်စွာ
အခွန်ပေးဆောင်နိုင်ရေးအတွက် အီလက်ထရောနစ်နည်းပညာသုံးစနစ်များဖြစ်သည့် Integrated Tax Administration
System (ITAS)၊ e-Filing နှင့် e-Payment စနစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ပြောင်းလဲအကောင်အထည်ဖော်ဆောင်ရွက်နေချိန်တွင် ဝန်ထမ်းများက
မိမိတို့တတ်နိုင်သည့်ကဏ္ဍမှ စွမ်းစွမ်းတမံဆောင်ရွက်မှသာ လုပ်ငန်းစဉ်များ
အောင်မြင်မည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင်
အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းမှာကြားသည်။
သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင် လေ့လာဆည်းပူးခဲ့သည့်ပညာရပ်
များကို မိမိတို့လုပ်ငန်းခွင်တွင်
အကျိုးရှိရှိ တိကျမှန်ကန်စွာ ပြန်လည်အသုံးချကြရန်နှင့် နိုင်ငံတော်မှ
ခေတ်စနစ်နှင့်အညီ ပြောင်းလဲကျင့်သုံးနေသော အခွန်ဆိုင်ရာနည်းပညာများကိုလည်း လေ့လာ ဆည်းပူးသွားကြရန်နှင့်
နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ကို စောင့်ထိန်းပြီး ကိုယ်ကျင့်တရားကောင်းမွန်သော၊
အခွန်ထမ်းပြည်သူများ အားကိုးရသော အခွန်အရာရှိကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်၊
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခွန်ဘဏ္ဍာငွေများကို မျှတမှန်ကန်စွာ
အပြည့်အဝကောက်ခံနိုင်ရေး မိမိတို့ကျရာ အခန်းကဏ္ဍကနေ စွမ်းစွမ်းတမံ ဆောင်ရွက်သွားကြရန်
ထပ်မံတိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများနှင့်
သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်ခဲ့ပါသည်။ ယခုဖွင့်လှစ်ခဲ့သည့်သင်တန်းသို့
ပြည်တွင်း အခွန်များဦးစီးဌာနမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တရှစ်ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။