ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

Jul 08, 2021 IRD Admin

အငယ်တန်းစာရေးရာထူး (၂၈၄) နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက် ထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အငယ်တန်းစာရေးရာထူး(၂၈၄)နေရာအတွက်

​ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်ထုတ်ပြန်ခြင်း

၁၃၈၃  ခုနှစ်  နယုန်လပြည့်ကျော်    ၁၀    ရက်

၂၀၂၁ ခုနှစ်   ဇူလိုင်    ၄   ရက်)

၁။   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေး လစာနှုန်းကျပ် (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၂၈၄) နေရာအတွက် လျှောက်လွှာတင်သွင်းနိုင်ပါကြောင်း ၇-၅-၂၀၂၁ ရက်နေ့နှင့် ၂၁-၅-၂၀၂၁ ရက် နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ထည့်သွင်းကြေညာခဲ့ပြီးဖြစ်၍ ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်နှင့်ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရမည့်နေ့ရက်များအား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်-

(က) ရေးဖြေစာမေးပွဲအား ၁၀-၇-၂၀၂၁ ရက်နေ့(စနေနေ့)တွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေအခွန်ဦးစီး ဌာနမှူးရုံးတို့မှ သတ်မှတ်ထားသောနေရာများ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အထွေထွေဗဟုသုတဖြေဆိုရမည်။ ရေးဖြေစာမေးပွဲ အောင်မြင် သူများစာရင်းအား မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာများတွင် ထည့်သွင်းကြေညာမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည် ဖြစ်ပါသည်။

(ခ) ရေးဖြေစာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား ၈-၇-၂၀၂၁ ရက်(ကြာသပတေးနေ့)နှင့်  ၉-၇-၂၀၂၁ ရက်(သောကြာနေ့)များတွင် မိမိ လျှောက်လွှာတင်ထားသည့် တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံးများတွင် ထုတ်ပေးမည်ဖြစ်ပြီး ကာယကံရှင် ကိုယ်တိုင် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မူရင်း၊ ဘွဲ့လက်မှတ်မူရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းတို့နှင့်အတူ လာရောက် ထုတ်ယူရမည်။

၂။   အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်(ရုံးချုပ်)၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၃၀၀၂၁နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံးများသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန

Attachments