ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
နိုင်ငံတော်၏ကျေးဇူးသစ္စာကိုစောင့်သိရန် အရေးကြီး ကြောင်း၊ အရည်အသွေးပြည့်ဝသည့်
စံနမူနာပြဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြရန် မှာကြားသည်။
ယခုဖွင့်လှစ်သည့်သင်တန်းတွင် အခွန်စီမံခန့်ခွဲမှုနည်းစနစ်များအပါအဝင်
ဌာနတွင်းဘာသာရပ် (၁၇) ခု၊ ပြင်ပဘာသာရပ် (၆) ခုတို့ကို
သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ
ဒုတိယဦးစီးမှူးအဆင့် ဝန်ထမ်း (၄၀) ဦးဖြင့် ရက်သတ္တ ရှစ်ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း
သိရသည်။