ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

Jul 16, 2021 IRD Admin

အခွန်ရုံးပြောင်းလဲစည်းကြပ်ခံယူခြင်းအကြောင်း သိကောင်းစရာများ

၁။   ကုမ္ပဏီလုပ်ငန်းရှင်အခွန်ထမ်းပြည်သူများအနေဖြင့် လုပ်ငန်းတည်နေရာ‌ ပြောင်းလဲခြင်း၊ လုပ်ငန်းအမျိုးအစားပြောင်းလဲခြင်း၊ လုပ်ငန်း ပမာဏပြောင်းလဲခြင်းတို့ကြောင့် အခွန်ရုံး ပြောင်းလဲစည်းကြပ်ခံယူရခြင်းများ ပေါ်ပေါက်နိုင်ပါသည်။

၂။   လက်ရှိအခွန်ထမ်းဆောင်လျက်ရှိသော အခွန်ထမ်း ဖြစ်ပါက မိမိပြောင်းလဲစည်းကြပ်မှုခံယူလိုသည့် စည်းကြပ်နှစ်မတိုင်မီ တစ်လကြိုတင်၍ အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး (Centralized Taxpayer Service Unit-CTSU)တွင် လျှောက်ထားရမည်ဖြစ်ပါသည်။

၃။   အခွန်ထမ်းမှတ်ပုံတင်အသစ်လျှောက်ထားသူ ဖြစ်ပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး (CTSU) မှ အခွန်ထမ်းဆောင်ရမည့်ရုံးအား သတ်မှတ်ပြန်ကြားသည့်နေ့မှ တစ်လအတွင်း အခွန်ထမ်းဝန်ဆောင်မှု ဗဟိုအဖွဲ့ရုံး(CTSU)တွင် လျှောက်ထားရမည်ဖြစ်ပါသည်။

၄။   လျှောက်ထားရာတွင် အခွန်ရုံးပြောင်းလဲစည်းကြပ်ခံယူခွင့်ပြုပါရန် လျှောက်လွှာနှင့် မည်သည့်အတွက်ကြောင့် ပြောင်းလဲစည်းကြပ်မှု ခံယူ လိုကြောင်း ခိုင်လုံသော အကြောင်းပြချက် အပြည့်အစုံတို့ကို တင်ပြရန် လိုအပ်မည်ဖြစ်ပါသည်။

၅။   အခွန်ရုံးပြောင်းလဲစည်းကြပ်မှုခံယူခွင့်ပြုပါရန် လျှောက်လွှာပုံစံကိုwww.ird.gov.mm တွင် ရယူနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

Attachments