ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
အောင်ဘာလေထီလက်မှတ်များကို Online မှ ရောင်းချနိုင်ရေး နည်းပညာဝန်ဆောင်မှုပေးလိုသော ကုမ္ပဏီ/အဖွဲ့အစည်းများထံမှ စိတ်ဝင်စားမှုအဆိုပြုလွှာများ ဖိတ်ခေါ်ခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေထီလက်မှတ်များကို ကံစမ်းသူများ လွယ်ကူ လျင်မြန်စွာ ဝယ်ယူကံစမ်းနိုင်ရန်အတွက် လက်ရှိကျင့်သုံးလျက်ရှိသော အောင်ဘာလေထီလက်မှတ် ရောင်းချသည့်စနစ် (Paper Lottery) ဖြင့် ရောင်းချခြင်းအပြင် Online မှတစ်ဆင့် ရောင်းချခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂။ ယင်းကဲ့သို့ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် နည်းပညာပိုင်းပံ့ပိုးမှုများ ပြုလုပ်ဆောင်ရွက်ပေးနိုင်မည့် Service Provider လုပ်ငန်း တစ်ခုကို ရွေးချယ်ငှားရမ်းခြင်း ဆောင်ရွက်သွားမည်ဖြစ်ရာ စိတ်ဝင်စားမှုဖော်ပြချက် (Expression of Interest - EOI ) အဆိုပြုလွှာများ ပေးပို့ တင်ပြရန် ဖိတ်ခေါ်အပ်ပါသည်။
၃။ တင်သွင်းရမည့် အဆိုပြုလွှာ (EOI) နှင့်အချက်အလက်များကို ကုမ္ပဏီ/ အဖွဲ့အစည်း (Service Provider) များအနေဖြင့် တင်ဒါလက်ခံရေး နှင့်စိစစ်ရေးကော်မတီ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်သို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊ (၁၄:၀၀ နာရီ) နောက်ဆုံးထား ၍ တင်သွင်းပေးပို့ရမည် ဖြစ်ပါသည်။
၄။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ တင်သွင်းရမည့် အဆိုပြုလွှာ (EOI) ပုံစံနှင့် သိရှိလိုသည့် အချက်အလက်များကို ပြန်ကြားရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော် ဖုန်း ၀၆၇-၃၄၃၀၅၂၂ ၊ ၀၆၇-၃၄၃၀၅၃၃ ၊ Email- ir.officeofthedg.mm @gmail.com သို့ ဆက်သွယ်တောင်းခံရယူစုံစမ်းမေးမြန်းနိုင်ပါကြောင်းနှင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ Website https://www.ird. gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
တင်ဒါကော်မတီ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
Attachments