ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

Sep 15, 2021 IRD Admin

အောင်ဘာလေထီလက်မှတ်များကို Online မှရောင်းချ နိုင်ရေးအတွက် Service Provider ရွေးချယ်နိုင်ရန် စိတ်ဝင်စားမှုဖော်ပြချက် အဆိုပြုလွှာပုံစံအား ၂၀-၉-၂၀၂၁ ရက်နေ့ နောက်ဆုံးထား တောင်းခံနိုင်ကြောင်း အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

အောင်ဘာလေထီလက်မှတ်များကို Online မှ ရောင်းချနိုင်ရေးအတွက် Service Provider ရွေးချယ်နိုင်ရန် စိတ်ဝင်စားမှုဖော်ပြချက် အဆိုပြုလွှာပုံစံအား ၂၀-၉-၂၀၂၁ ရက်နေ့ နောက်ဆုံးထားတောင်းခံနိုင်ကြောင်း အသိပေးကြေညာချက်

၁။     အောင်ဘာလေထီလက်မှတ်များကို Onlineမှ ရောင်းချနိုင်ရေးအတွက် လိုအပ်သောဝန်ဆောင်မှုများဆောင်ရွက်ပေးနိုင်သော Service Provider တစ်ခုရွေးချယ်နိုင်ရန် စိတ်ဝင်စားကြောင်း စုံစမ်းဆက်သွယ်လာသောကုမ္ပဏီ/အဖွဲ့အစည်းများထံသို့ စိတ်ဝင်စားမှုဖော်ပြချက် အဆိုပြုလွှာပုံစံများ ကို ၁၈-၉-၂၀၂၁ ရက်နေ့မှ ၂၀-၉-၂၀၂၁ ရက်နေ့အတွင်း ပြန်လည်ပေးပို့သွားမည်ဖြစ်ပါသည်။

၂။     သို့ဖြစ်ပါ၍ အထက်ဖော်ပြပါလုပ်ငန်းအား စိတ်ဝင်စားသူကုမ္ပဏီ/အဖွဲ့အစည်းများအနေဖြင့် တင်သွင်းရမည့်အဆိုပြုလွှာ ( EOI ) ပုံစံနှင့် လမ်းညွှန်ချက်တို့ကို ၂၀-၉-၂၀၂၁  ( ၁၄:၀၀နာရီ ) နောက်ဆုံးထား၍ Email-[email protected] သို့တောင်းခံကြပါရန် အသိပေး အပ်ပါသည်။

Attachments