ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
၁။ စားသောက်ဆိုင်လုပ်ငန်းရှင်များသည် တည်ဆဲကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၀ (က) (၃) ပါ ပြဋ္ဌာန်းချက်နှင့်အညီ အခွန်အမှတ် တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာဖြင့် ရောင်းရငွေနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို စားသုံးသူများထံမှ တစ်ပါတည်း ကောက်ခံ ပေးရန် တာဝန်ရှိသကဲ့သို့ ကောက်ခံရရှိသော ထိုကုန်သွယ်လုပ်ငန်းခွန်များကို သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ ပေးသွင်းရန် တာဝန်ရှိပါသည်။
၂။ စားသောက်ဆိုင်များတွင် စားသုံးသူများအနေဖြင့် စားသောက်ဆိုင်သို့ ကျသင့်ငွေပေးချေချိန်တွင် အခွန်အမှတ်တံဆိပ်ကပ်ထားသော ပြေစာကိုတောင်းယူခြင်းဖြင့်လည်းကောင်း၊ စားသောက်ဆိုင်များကလည်း စားသုံးသူက တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ၊ အခွန် အမှတ်တံဆိပ် ကပ်နှိပ်ထားသော ပြေစာများကိုသာ ထုတ်ပေးခြင်းဖြင့်လည်းကောင်း ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြပါရန် နှိုးဆော်အပ် ပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာန
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
Attachments