ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

Oct 02, 2021 IRD Admin

(၃၂) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေထီလက်မှတ် နမူနာပုံစံကြေညာခြင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၂၁ ခုနှစ်၊ အောက်တိုဘာ လ ၁ ရက်)

၁။      ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ထီဖွင့်ပွဲပြုလုပ်ပေးမည့် (၃၂) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ် နမူနာမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၂။   သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) အားလည်း ဆုမဲများ ထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။

 အောင်ဘာလေသိန်းဆုဌာနခွဲ

Attachments