ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
Chain Link ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအတွက်အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရုံးအမှတ် (၄၆) တွင် ၁၈၅၈'×၆' Chain Link ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ရန်ရှိပါ သဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန်ဖိတ်ခေါ်ပါသည်-
| တင်ဒါပုံစံရောင်းချမည့် နေ့ရက်/အချိန် | - | ၂၅-၄-၂၀၂၂ |
| တင်ဒါပိတ်မည့် နေ့ရက်/အချိန် | - | ၆-၅-၂၀၂၂ |
တင်ဒါပုံစံရောင်းချမည့်နေရာနှင့်တင်ဒါတင်သွင်းရမည့်နေရာ | - | စီမံရေးရာဌာနခွဲ၊ (ဌာနစု-၅၊ မြေနှင့်အဆောက်အဦ ဌာနစိတ်) ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ်(၄၆)၊ နေပြည်တော် |
၂။ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် တင်ဒါခေါ်ယူမည့် အချက်အလက်များအား အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ နေပြည်တော် (ဖုန်း-၀၆၇-၃၄၃၀၅၅၂) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
စီမံရေးရာဌာနခွဲ၊
(ဌာနစု-၅၊ မြေနှင့်အဆောက်အဦဌာနစိတ်)
ပြည်တွင်းအခွန်များဦးစီးဌာန
ရုံးအမှတ်(၄၆)၊ နေပြည်တော်
ဖုန်း-၀၆၇-၃၄၃၀၅၅၂