ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

May 12, 2022 IRD Admin

အီလက်ထရောနစ်ဝန်ဆောင်မှု နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Services Help Desk Center) ဖွင့်လှစ်ကြောင်း အသိပေးကြေညာခြင်း

၁။   ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ပုဂ္ဂိုလ်စုအခွန်ထမ်းများ အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းမှုစနစ် (e-Filing) အသုံးပြု၍ ကြေညာလွှာတင်သွင်းခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် နည်းပညာပိုင်းဆိုင်ရာအခက်အခဲများကို ထိရောက်စွာ အကူအညီပေးနိုင်ရန်အတွက် “အီလက်ထရောနစ်ဝန်ဆောင်မှု နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Services Help Desk Center)” ကို (၉-၅-၂၀၂၂) ရက်နေ့မှစတင်၍ အောက်ဖော်ပြပါလိပ်စာ၌ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးအပ် ပါသည်-

အီလက်ထရောနစ်ဝန်ဆောင်မှု နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးစင်တာ

(e-Services Help Desk Center)

အမှတ်-၅၉/၆၁(မြေညီထပ်)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်းနံပါတ်- ၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅

၂။   အီလက်ထရောနစ်ဝန်ဆောင်မှု နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Services Help Desk Center) မှနည်းပညာဝန်ထမ်းများအနေဖြင့် အခွန်ထမ်းပြည်သူများနှင့် အခွန်ရုံးများ၏ အီလက်ထရောနစ်ဝန်ဆောင်မှုများဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို ဝန်ဆောင်မှုပေး ကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန

Attachments