ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

Jul 02, 2022 IRD Admin

တင်ဒါအောင်မြင်သည့်ကုမ္ပဏီအား ကြေညာခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ရုံးအမှတ်(၄၆)၊ တိုးချဲ့မြေဧရိယာ (၈.၂၅) ဧကအား (အလျား ၁၈၅၈' × အမြင့် ၆' ) Chain Link ခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီအား ကြေညာအပ်ပါသည်-

တင်ဒါအောင်မြင်သည့်ဈေးနှုန်းကျပ် ၆၉,၂၀၀,၀၀၀/-
တင်ဒါအောင်မြင်သည့်ကုမ္ပဏီLeading Light Co.,Ltd
တင်ဒါအောင်မြင်သည့်ကုမ္ပဏီ လိပ်စာ No.(A-396)၊ မြရူပါလမ်း၊ ထန်းတပင်ကွက်သစ်၊    ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။